အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ရွာဓလေ့အရ ကျေးအေးပေးရခြင်းများ ကယန်းရွာအချို့မှာ ရှိနေဆဲ

ကယန်းဒေသ ကျေးရွာတချို့၌ အမျိုးသမီးများ အဓမ္မကျင့်ခံရ သည့်ဖြစ်ရပ်များတွင် ကျေးရွာ အစဉ်အလာ ဓလေ့အတိုင်း ကျေအေးပေးလိုက် ရခြင်းများ ရှိနေသေးကြောင်း ကယန်း အမျိုးသမီး အဖွဲ့ (KYWO) တွဲဖက် အတွင်းရေးမှူး-၂၊ လွိုင်ကော် Women center (WMP)မှ တာဝန်ခံ မူအန်းဂျေလာမှ ပြောသည်။ 

အမျိုးသမီးငယ်များ အဓမ္မကျင့် ခံရခြင်းဖြစ်ရပ်များ သည် ယခုနှစ် အတွင်းများလာပြီး ကယန်းအမျိုး သမီးအဖွဲ့မှ လက်လှမ်းမီသည့်နေရာ များတွင် တွေ့ ရသည့် ဖြစ်ရပ်ခြောက် ခုခန့်ရှိပြီး၊ ထိုသို့ဖြစ်ရပ်များတွင် ကာယကံရှင်အမျိုးသမီးကို ရွာဓလေ့ အရ ဖိအားပေးလျှင် အချင်းချင်း ကျေအေးပေးလိုက်ရပြီး ရွာဓလေ့ ထုံးစံအရ ကြက်၊ ဝက်များကိုသတ် ၍ အိမ်တိုင်းသို့လိုက်ဝေကာ ရွာဆေး ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ဒေါ်မူအန်းဂျေလာက ''အများ အားဖြင့် သူတို့ကိုယ်တိုင်ကျေအေး တာများတယ်။ ရွာနာမည်လဲ ပျက် တယ်။ အဲလိုတွေ ဖိအားပေးတာတွေရှိတယ်။ ရွာရဲ့ထုံးစံအတိုင်းလုပ်လိုက် ရင် ပြီးသွားပြီ။ ဒီကောင်မလေးကို မယူ လဲရတယ်ဆိုတော့ မိန်းမ တစ်ယောက် ရဲ့တန်ဖိုးက ဝက်တစ်ကောင် ရဲ့တန်ဖိုးလို ဖြစ်သွားတယ်။ အဲလိုမျိုး တွေ အရမ်းများတယ်'' ဟုပြောသည်။

ထိုသို့ဖြစ်ရပ်များတွင် ပြစ်မူကျူး လွန်သူများသည် မူးယစ်ဆေးသုံးစွဲ မှုကြောင့် ပိုများကြောင်း ကယန်းဒေသ တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ကျေးရွာများတွင် ပိုမို ဖြစ်ပွားကြောင်း မိမိတို့လက်လှမ်း မမီသည့်
နေရာများရှိနိုင်ကာ အချို့ နေရာများတွင် ရှက်သည့်အတွက် ထုတ်ဖော်မပြောလိုသည်များလည်း ရှိကြောင်း နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းက ကယန်းဒေသအချို့သို့  ကွင်းဆင်းလေ့လာပညာပေးသည့် အခါတွင် လည်း ယင်းသို့ဖြစ်ရပ်များကို တရားဥပဒေအရ ဖြေရှင်းလိုသည့် အမျိုးသမီးတချို့နှင့် တွေ့ဆုံခွင့်ရရှိကာ ၎င်းတို့အားကူညီပေးရန် အကူအညီတောင်းခံခဲ့ကြ ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့်လည်း ပညာပေးခြင်း၊ ဥပဒေပညာရှင်များနှင့် တိုင်ပင်ကူညီပေးခြင်းများ လုပ်ဆောင်သွားမည်ဟု ပြောခဲ့ကြောင်း သို့ရာတွင် တိုင်းရင်းသားအများစုမှာ ဓလေ့ကို လက်ခံနေဆဲဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်ရပ်များဖြစ်ပွားသည့် ကျေးရွာများသည် မြို့နှင့်မဝေးသည့် ကျေးရွာအချို့တွင် ဖြစ်ပွား
နေခြင်းဖြစ်ပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းထိစပ်နေသည့် ဆီးဘူးကျေးရွာတွင်လည်း ဒီဇင်ဘာလတွင်းက အသက် ၂၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မကျင့်ခံရကာရွာတွင် ရဲစခန်းရှိသော် လည်း အလားတူကျေးရွာဓလေ့အတိုင်းကျေအေးပေးခဲ့ရကာ ယင်းသို့ ဖြစ်စဉ်များတွင် အသက် ၉နှစ်
အောက်မှ ၂၂နှစ်ဝန်းကျင် အမျိုးသမီးများပါရှိနေသည်ဟုလည်း ကယန်းအမျိုးသမီးအဖွဲ့မှ သိရသည်။ ___ရန်ကုန်မီဒီယာ

0 မှတ်ချက်များ for "အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ရွာဓလေ့အရ ကျေးအေးပေးရခြင်းများ ကယန်းရွာအချို့မှာ ရှိနေဆဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++