သူပုန်အန္တရာယ်ကာကွယ်ရန် ဆူဒန်နှင့် တောင်ဆူဒန် နှစ်နိုင်ငံ သမ္မတတွေ့ဆုံဆွေးနွေး
သူပုန်များအန္တရာယ်ကို ကြောက်ရွံ့နေကြရသည့် ဆူဒန်ရှိ ရေနံ နယ်မြေများကို ဆူဒန်နှင့် တောင်ဆူဒန်တို့ နှစ်နိုင်ငံပူးပေါင်းကာ တပ်ဖွဲ့ဝင်များ ချထားမည်ဖြစ်ကြောင်း ဆူဒန်သမ္မတနှင့် တောင် ဆူဒန် သမ္မတတို့ တွေ့ဆုံအပြီး ဆူဒန်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။
အဆိုပါ သတင်းသည် တောင်ဆူဒန်နိုင်ငံသို့ ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားလ် သွားရောက် အပြီး တောင်ဆူဒန် သမ္မတဆဲလ်ဗာကီးလ်ယားနှင့် တွေ့ဆုံဆွေးနွေး ခဲ့ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
တောင်ဆူဒန်အရေးအခင်းသည် ဒီဇင်ဘာ ၁၅ ရက်ကကစကာ လက်ရှိ သမ္မတအား ထောက်ခံသူများနှင့် ယခင်ဒုသမ္မတဟောင်းအား ထောက်ခံသူများအကြား ပြင်းထန်သော ပဋိပက္ခများကြောင့် လူဦးရေ အနည်းဆုံး ၁၀၀၀ ကျော်တို့အား သေဆုံးစေခဲ့ပြီးဖြစ်သည်။
ထို့ပြင် ယင်းပဋိပက္ခဖြစ်စဉ်တွင် လူနှစ်သိန်းနီးပါး နေရာပြောင်းရွှေ့ နေထိုင်ကြရသည်။ ___ဘီဘီစီ


0 မှတ်ချက်များ for "သူပုန်အန္တရာယ်ကာကွယ်ရန် ဆူဒန်နှင့် တောင်ဆူဒန် နှစ်နိုင်ငံ သမ္မတတွေ့ဆုံဆွေးနွေး"