စစ်ထောက်လှမ်းရေးအတွက် အသုံးပြုတဲ့ ကုလတပ်ဖွဲ့၏ မောင်းသူမဲ့ လေယာဉ် ပျက်ကျ
ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ၌ ကုသလမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက စစ်ထောက်လှမ်းရေး လုပ်ငန်းအတွက် အသုံးပြုနေသော မောင်းသူမဲ့ လေယာဉ်တစ်စင်း ပျက်ကျမှု ဇန်နဝါရီ ၁၅ ရက်က ဖြစ်ပွားကြောင်း ပြည် ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့အနီးတွင် မောင်းသူမဲ့ လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားကြောင်း၊ မောင်းသူမဲ့ လေယာဉ်ကို လွှတ်တင်အပြီး မကြာမီတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း အမည်မဖော်သူ တာဝန်ရှိသူက ပြောကြားသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့က အသုံးပြုနေသော မောင်းသူမဲ့လေယာဉ်များမှာ ဖယ်လ်ကို အမျိုးအစားဖြစ်ပြီး အီတလီကာကွယ်ရေး နည်းပညာအုပ်စုဖြစ်သော ပင်မက်ကာနီကာ အုပ်စုအောက်ရှိ ဆဲလက်စ်အီးအက်စ် ကုမ္ပဏီက ထုတ်လုပ်ကြောင်း သတင်းတွင် ဖော်ပြသည်။ ___ပီတီအိုင်


0 မှတ်ချက်များ for "စစ်ထောက်လှမ်းရေးအတွက် အသုံးပြုတဲ့ ကုလတပ်ဖွဲ့၏ မောင်းသူမဲ့ လေယာဉ် ပျက်ကျ"