အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှု ပိုမြန်
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့ လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများ ထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။
အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ အမျိုးသမီး တစ်ဦးဟာ အေရိုးဗစ် ပုံမှန် ဆော့ခိုင်းလို့ စစ်ဆေးကြည့်တဲ့ အခါမှာ အခြား ရွယ်တူ ၆၅ နှစ် အဖွာများထက် ပိုမိုလှုပ်ရှားနိုင်၊ သွားလာနိုင်အောင်ကို သန်မာပြီး ဦးနှောက်ထဲသို့ သွေးစီး ဆင်းမှု ကိုလည်း ကောင်းစေပါတယ်။ စက်ပစ္စည်းနဲ့ သေချာ တိုင်းတာမှု အရ သာမန် အဖွားတစ်ဦး ထက်တောင် ဦးနှောက်လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်း ပိုမြန်သွားပါတယ်။
ဒါကြောင့် အထိုင်များတဲ့ အလုပ်လုပ်သူဟာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရ သူများထက် ပို အိုမင်းစေမှုကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို အားကစား တစ်ခုခုကို လေ့လာ လိုက်စား သင့်ပြီး စိတ်ရော၊ ကိုယ်ပါ အရွယ်တင်စေနိုင်ကြောင်း သိရပါတယ်။ ____Ref: medic-facts အောင်ခမ်း

0 မှတ်ချက်များ for "အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှု ပိုမြန် "