ကွမ်းစားသူ ၁၀၀ လျှင် ဆယ်ဦးခန့်တွင် ကင်ဆာဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိ
မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါး တွင်
ကင်ဆာရောဂါဖြစ်နိုင်သော ခံတွင်း အနာတွေ့ရှိ ရသည်ဟု
ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ ဖတ်ကြားခဲ့သည့်
စာတမ်း တစ်စောင်တွင်ဖော်ပြသည်။
ကွမ်းစားသူများတွင် ကင်ဆာဖြစ်လာနိုင်သည့် ခံတွင်းအနာ တွေ့ရှိမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိနေပြီး ကွမ်းမစားသူများတွင် မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါးသည် ကင်ဆာရောဂါဖြစ်နိုင်သော ခံတွင်းအနာ တွေ့ရှိရသည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းတစ်စောင်တွင် ဖော်ပြသည်။
ကွမ်းစားသူများတွင် ကင်ဆာဖြစ်လာနိုင်သည့် ခံတွင်းအနာ တွေ့ရှိရမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ကွမ်းမစားသူများတွင် သုညဒသမ လေး ရာခိုင်နှုန်းသာရှိသည်ဟု စာတမ်းတွင်ဖော်ပြထားသည်။ ရန်ကုန်တိုင်းအတွင်း အသက် ၁၈ နှစ်နှင့်အထက် လူပေါင်း ၅၄၂ ဦးကို ကွမ်းစားခြင်းနှင့် ပတ်သက်၍ ဆေး သုတေသနဦးစီးဌာန(အောက်မြန်မာပြည်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊ ကျန်းမာရေး ၀န်ကြီးဌာန နိုင်ငံခြားဆက်သွယ်ရေးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ သုတေသီများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကွမ်းစားသူ ၂၈၄ ဦး နှင့် ကွမ်းမစားသူ ၂၅၈ ဦး ရှိသည်ဟုဆိုသည်။

သုတေသနပြုလုပ်မှုတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ
၄၅ နှစ် ဖြစ်ပြီး အမျိုးသမီးပါဝင်မှုမှာ ၅၉ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
သုတေသနပြုလုပ်ရာတွင် အချက်အလက်များကောက်ယူခြင်း၊ သွားနှင့်ခံတွင်း စမ်းသပ်ခြင်းနှင့် သံသယဖြစ်ဖွယ် ပါးစပ်အနာတွေ့ရှိသူများကို Toluidine Blue Test နှင့် Brush Biopsy များ ပြုလုပ် ခဲ့သည်ဟု သိရသည်။

““တချို့က ဆေးလိပ်တော့
မသောက်ဘူး။ ဒါပေမဲ့ ကွမ်းတော့စားကြတယ်။ ကွမ်းမှာလည်း ကင်ဆာဖြစ်စေ တဲ့
ဒြပ်ပေါင်းတွေ အများကြီးပါတယ်ဆိုတာ သိဖို့လိုတယ်။ အသက်ငယ်ငယ်တွေကအစ
ကွမ်းစားနေ ကြတော့ အန္တရာယ် ဘယ်လောက်များတယ်ဆိုတာကို
ပြည်သူ့ကျန်းမာရေးတစ်ရပ်အနေနဲ့ လုပ်သင့်နေပြီ။
ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲမှု ဥပဒေတွေကို တင်းတင်းကျပ်ကျပ်မြစ်ဖို့
လိုအပ်နေတယ်”” ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာစည်သူကပြောသည်။
ကွမ်းစားဆေးများသာမက ကွမ်းရွက်များတွင်လည်း စိုက်ပျိုးသောအခါ၌ ပိုးသတ်ဆေးများဖျန်းခြင်း၊ ဓာတုပစ္စည်းများအသုံးပြုထားခြင်းကြောင့် ခံတွင်းကင်ဆာကို ဖြစ်စေနိုင်သည်ဟု ဆေး လိပ်နှင့် ဆေးရွက် ကြီးဆန့်ကျင်ရေး လှုပ်ရှားသူများကပြောကြားသည်။
ကွမ်းယာစားသုံးမှုတွင် ဆေးရွက်ကြီးနှင့် ကွမ်းစားဆေးများ အသုံးမပြုသည့်တိုင် ကင်ဆာဖြစ်စေနိုင်သော လုံလောက်သည့် သက်သေမျိုး တွေ့ရှိထားသည်ဟု ဗြိတိန်အခြေစိုက် ပါးစပ်နှင့် ခံတွင်းကင်ဆာဖောင်ဒေးရှင်း၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။__ဆဲဗင်းဒေး

0 မှတ်ချက်များ for "ကွမ်းစားသူ ၁၀၀ လျှင် ဆယ်ဦးခန့်တွင် ကင်ဆာဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိ "