ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ်ပါတီ ဥက္ကဌ သေဒဏ်ပေးခံရ
ဘင်္ဂ္လားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။
ပါတီ ဥက္ကဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami)နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀ဝ၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခဲ့တာပါ။
မစ္စတာ နီဇာမီကတော့ သူ့ကို ချတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ်လို့ ပြောပါတယ်။
သူဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်လည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေရသူ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဘင်္ဂ္လားဒေ့ရှ် အစ္စလာမစ်ပါတီ ဥက္ကဌ သေဒဏ်ပေးခံရ"