ဗဟိုအစိုးရက တိုင်းရင်းသား အခွင့်အရေးတွကို ချုပ်ကိုင်လာသည်ဟု ဆို

တိုင်းရင်းသား အခွင့်အရေးများကို ဗဟိုအစိုးရက တဖြည်းဖြည်း ချုပ်ကိုင်သည့်သဘော ရှိလာကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ယမန် နေ့ ကကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ပြစ် တင် ဝေဖန်ခဲ့သည်။
 

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ စာပေနှင့် အနုပညာ ယဉ်ကျေးမှုတို့ကို ပြည် ထောင်စု အစိုးရမှ တိုး တက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းမရှိသည့် ကိစ္စနှင့် ပတ်သက် ၍ ဦးပေါလ်ထန်ထိုင်းက အထက်ပါအတိုင်း ဝေ ဖန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ကျောင်းချိန်ပြင်ပမှာ တိုင်းရင်းသား စာပေကို သင်ရမယ်ဆိုတော့ တိုင်းရင်းသား တွေက တိုင်းရင်းသား စာကို ပြည်တွင်းမှာ မသင်ပဲ ပြည်ပ မှာ သင်ရ မှာလား။ တိုင်းရင်းသား တွေက ဘယ်လိုလုပ်ရမလဲ။ တိုင်းရင်းသားစာကို ကျောင်းမှာသင်ကြားလို့ မရဘူး ဆိုရင်၊ ဖက်ဒရယ် ပြည်နယ် စလို့ရှိရင် ဘယ်လို လုပ်မလဲ။ တိုင်းရင်းသားအခွင့်အရေးကို ဗဟိုအစိုးရက တဖြည်းဖြည်းချင်း ချုပ်ကိုင်တဲ့ သဘောရှိတယ်။ ဒီ နေ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ ဒီကိစ္စ တွေက မလွတ်သေးဘူးလားလို့ မေးစရာ ရှိပါတယ်ဟု ၎င်း က ပြော ကြားခဲ့သည်။ 

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်းဥပဒေကြမ်းအရ တိုင်း ဒေသကြီး / ပြည်နယ်များတွင် တိုင်းရင်းသားစာပေ သင်ကြား နေရာမူနှင့် အခြေခံသဘောအရ တိုင်း ရင်းသား ဘာသာသင်ကြားမှုကို မူလတန်း အောက်ရှိ ကျောင်း နှင့် ကျောင်း ပြင်ပတို့တွင် သင်ကြား နိုင်ရန် ဆောင် ရွက်နေကြခြင်းမှာ ၀မ်းနည်းစရာ၊ စိတ်ပျက် စရာ ကောင်းကြောင်း တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ကျွန်မတို့ရဲ့ တိုင်းရင်းသားစာပေ ထွန်းကားမှုဟာ ကွယ်ပျောက် နေတာ နှစ် ပေါင်း ဆယ်စု နှစ် ထက်မနည်း ကြာပါပြီ။ တိုင်းရင်းသား စာပေတွေဟာ တိုင်းပြည်ကို ဒုက္ခပေးမယ့် စာတွေ မဟုတ်ပါဘူး။ မြန်မာစာကို ၀ါးမျိုဖျောက်ဖျက်မယ့် စာတွေလည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုး များရဲ့ အမွေအနှစ် အသက်သွေးကြော ဖြစ်တယ်ဆိုတာကို ပညာရေးဝန်ကြီးဌာနက ပညာရှင်တွေ မသိမမြင်ဘူးလား။ တိုင်းပြည်ရဲ့ ပညာရေးဟာ ကမ္ဘာမှာ မြင့်တက်နေလား နိမ့်ကျနေလားဆိုတာ အများသူငါ သိပါ တယ်”” ဟု ရေးမဲ ဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း က ပြောကြားသည်။

 နိုင်ငံတော် အစိုးရအနေ ဖြင့် တိုင်းရင်းသား ပြည်သူများအတွက် လုပ်သင့်လုပ်ထိုက် သော ကိစ္စရပ်များကို မတောင်းမဆိုဘဲ လုပ်ပေးရ မည့် တာဝန်ရှိပြီး ပြည်သူများ တောင်းဆိုမှ လုပ်ကိုင်ဆောင်ရွက်ပေးမည် ဆိုခြင်းမှာ မဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြား ခဲ့သည်။___မက်ဆင်ဂျာ

0 မှတ်ချက်များ for "ဗဟိုအစိုးရက တိုင်းရင်းသား အခွင့်အရေးတွကို ချုပ်ကိုင်လာသည်ဟု ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++