ဖိလစ်ပိုင်စစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် အစ္စလာမ်မစ်အကြမ်းဖက်တပ်ဖွဲ့ ၃၇ ဦးသေ
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စစ်တပ်က နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အစ္စလာမ်မစ် အကြမ်းဖက်သမား အနည်းဆုံး ၃၇ ဦး သေဆုံး သွားခဲ့ကြောင်း ဖိလစ်စစ်တပ်က ပြောသည်။
အဆိုပါ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် မန်ကွီဒါနောပြည်နယ်အတွင်းရှိ ကျေးရွာများ အစ္စလာမ်မစ် အကြမ်းဖက်သမားများ အန္တရာယ်မှ ကာကွယ်ခြင်းဖြစ်ကြောင်း သမ္မတဘီနင်နို အကွီနိုက ပြောသည်။
အဆိုပါ အစ္စလာမ်မစ်အကြမ်းဖက်သမားသည် အစိုးရနှင့် မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်တို့အကြား မကြာမီက ငြိမ်းချမ်းရေး သဘောတူညီမှုအပေါ် ဆန့်ကျင်ခဲ့ကြသူများ ဖြစ်ကြသည်။
အဆိုပါ စာချုပ်သစ်အရ အစ္စလာမ်မစ်အကြမ်းဖက်သမားက လက်နက်များ လွှဲပြောင်းပေးပြီး တောင်ပိုင်း
ဒေသအချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရယူမည်ဖြစ်သည်။
ဒေသအချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရယူမည်ဖြစ်သည်။
သို့ရာတွင် အဆိုပါ အကြမ်းဖက်သမားများသည် ဘင်ဆာမိုရို လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများကို ပိုင်ဆိုင်ထားကြောင်း၊ အပစ်အခတ် ရပ်စဲသည့် သူပုန်အဖွဲ့တွင် မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးမှ အများစု ပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။ ___ဘီဘီစီ


0 မှတ်ချက်များ for "ဖိလစ်ပိုင်စစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် အစ္စလာမ်မစ်အကြမ်းဖက်တပ်ဖွဲ့ ၃၇ ဦးသေ"