အပစ်အခတ် ရပ်စဲရေးက လက်နက်ချရန် မဟုတ်ဟုဆို
အစိုးရ နှင့်အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်
နေခြင်းမှာ နိုင်ငံရေးရည်မှန်းချက် များကို ဆွေးနွေး ညှိ နှိုင်းရန်ဖြစ်ပြီး နိုင်ငံရေး အရ ပြေလည်မှုမရ မချင်း လက်နက်ချရန် အစီအစဉ်မရှိဟု တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အစည်းခေါင်းဆောင်များထံ မှ သိရှိရသည်။

ဇန်န၀ါရီ၂၀ရက်မှ ၂၅ ရက်အထိ ကရင်အမျိုးသားအ စည်းရုံး(KNU) ဌာနချုပ် လော်
ခီးလာတွင်ပြုလုပ် သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ထိပ်သီးညီလာခံအ ပြီး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
““ကျွန်တော်တို့ရဲ့ နိုင်ငံရေး မျှော်မှန်းချက်မရမချင်း လက် နက်ချဖို့ အရှုံးပေးဖို့ဆိုတာ အစီအစဉ်မရှိဘူး။ တိုင်းရင်း သားတွေနဲ့ လက်တွဲပြီးဆက် လုပ်သွားမှာပါ။ လက်နက်ကိုင် တယ်ဆိုတာ လိုအပ်ချက်အရ စွဲကိုင်တာပါ””ဟု KNU ကရင် အမျိုးသားအစည်းအရုံး၏ အ ထွေထွေအတွင်းရေးမှူး ပဒိုစော ဘွယ်ထူးဝင်းကပြောသည်။
လက်ရှိအချိန်တွင်အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးနိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဆွေး နွေး ညှိနှိုင်းမှုများ ပြုလုပ်ရာ တွင် သဘောထားကွဲလွဲမှုများ ရှိနေသော် လည်း အောင်မြင် မှု ရရှိအောင် လုပ်ဆောင်သွား မည်ဟုလည်း တိုင်းရင်း သား ခေါင်းဆောင် များက တညီတ ညွတ်တည်း ပြောဆိုကြသည်။
ထို့အပြင်တိုင်းရင်းသား များအကြား ပိုမို၍ကျစ်လျစ်ခိုင် မာသည့်လူမျိုးစု အဖွဲ့အစည်းများ ဖြစ်ပေါ် လာရန် ကြိုးစား ရမည့်အပြင် လိုချင်တာကို ရဲဝံ့ ပြတ်သားစွာ တောင်းဆိုရမည် ဟုလည်း ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင် ဘန်လကပြောသည်။

““အခု ကျွန်တော်တို့ကို
အုပ်ချုပ်နေတဲ့ အစိုးရက အင် မတန် ဉာဏ်များတယ်။ တစ် ခုခု ဟာကွက်ရှိရင်
ဒါကိုနင်း ပြီး ကျွန်တော်တို့ကို တိုက်ဖျက် နိုင်တယ်။ ကျွန်တော်တို့စုစည်း
မှုကိုလဲ တိုက်ဖျက်နိုင်တယ်။ ဒါ ကြောင့် ကျွန်တော်တို့စုစုစည်း စည်း
ခိုင်မာစွာနဲ့ လိုချင်တာကို ရဲဝံ့ပြတ်သားစွာ တောင်းဆိုရ မယ်””ဟု၎င်းင်းက
ဆိုသည်။
ယခင်အစိုးရများလက် ထက်တွင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ချ အညံ့ခံရေးလမ်း စဉ်ကို ကျင့်သုံးခဲ့သဖြင့် ငြိမ်း ချမ်းရေး တည်ဆောက်မှု အောင် မြင်မှုမရရှိခဲ့ဘဲ တိုင်းရင်း သား ဒေသများ၏ဖွံ့ဖြိုးမှု နောက် ကျခဲ့ရကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောဆို ကြသည်။
ထို့ပြင်တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင် ရန် တိုင်းရင်းသားခေါင်းဆောင် များနှင့် တပ်မတော်ခေါင်း ဆောင်များက လိုလားရန် လို အပ်သည့်အပြင် ခိုင်မာသည့် သန္နိဋ္ဌာန်ချမှတ်ထားရန်လိုအပ် ကြောင်း ကရင်အမျိုးသားအ စည်းအရုံးဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောသည်။
လက်ရှိတွင်တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် အချက်(၁၁)ချက်ပါဝင် သည့် အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီစာချုပ်ကို လက် မှတ်ရေးထိုးသဘောတူညီမှု ရ ယူနိုင်ခဲ့သည့်အပြင် လာမည့် ဖေဖော်ဝါရီ စတုတ္ထပတ်အ တွင်းတွင် ကရင်ပြည်နယ် ဘား အံမြို့၌ ပြည်ထောင် စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းအ ဖွဲ့နှင့်တွေ့ဆုံ၍ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးကို သဘော တူလက်မှတ်ရေးထိုးနိုင်ရန် တွေ့ ဆုံဆွေးနွေးမှုများ လုပ်ဆောင် သွားမည်ဟု သိရသည်။__YMG

0 မှတ်ချက်များ for "အပစ်အခတ် ရပ်စဲရေးက လက်နက်ချရန် မဟုတ်ဟုဆို"