တောင်ဆူဒန် အစိုးရတပ်ဖွဲ့များနှင့် လက်တွဲ၍ သူပုန်တွေကို တိုက်နေဟု ယူဂန္ဓာသမ္မတ ပြောကြား
တောင်ဆူဒန် အစိုးရတပ်ဖွဲ့များနှင့် လက်တွဲကာ တောင်ဆူဒန် သူပုန် တပ်ဖွဲ့များအား ဆန့်ကျင် တိုက်ခိုက်မှုများ ပြုနေကြောင်း ယူဂန္ဓာနိုင်ငံ သမ္မတ ယူရီဟူဆေဗီနီက အတည်ပြု ပြောကြားကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘားမြောက်ပိုင်း၌ အောင်မြင်မှု ရရှိခဲ့သည့် တိုက်ပွဲကြီး၌ ယူဂန္ဓာတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၄င်းက ပြောကြားသည်။
ယူဂန္ဓာတပ်ဖွဲ့များ အနေဖြင့် အကျအဆုံး အနည်းငယ်ရှိသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ယူဂန္ဓာသမ္မတက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
လွန်ခဲ့သည့် လများအတွင်းက တောင်ဆူဒန်နိုင်ငံ အစိုးရနှင့် သူပုန်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း ထောင်နှင့်ချီသော ပြည်သူများ သေဆုံးခဲ့ရသည်ဟု ယုံကြည်မှုများ ဖြစ်ပေါ် ခဲ့သော်လည်း ယူဂန္ဓာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်အင်အား မည်မျှ တောင်ဆူဒန်တွင် ရှိနေမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ ____ဘီဘီစီ


0 မှတ်ချက်များ for "တောင်ဆူဒန် အစိုးရတပ်ဖွဲ့များနှင့် လက်တွဲ၍ သူပုန်တွေကို တိုက်နေဟု ယူဂန္ဓာသမ္မတ ပြောကြား"