အာဏာတွေကို ထိပါးစေတဲ့ ကိစ္စရပ်များ မဆွေးနွေးဖို့ သမ္မတမှာကြား

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ကရင်ပြည်နယ် ဘားအံတွင် ဆွေးနွေးသွားမည်
ဖြစ်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးမှ မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေးဆွေးနွေးခြင်းများ
ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေး ပွဲတွင် အချုပ်အခြာ အာဏာကို ထိပါးစေတဲ့ ကိစ္စရပ်တွေ ထည့်မပြောဖို့ သမ္မတဦးသိန်းစိန် မှာကြားကြောင်း သိရသည်။

Political Dialogue ပွဲမှာ ခွဲထွက်ရေးကိစ္စ၊ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ ကိစ္စရပ်တွေ မပြောဖို့  သမ္မတကြီးက  ပြောထားတာရှိကြောင်း၊ ကျန်တဲ့ကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်ကြောင်း၊ အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဝင်ကြောင်း၊ အဲဒီကျရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆွေးနွေးလို့ ရကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က နိုဝင်ဘာ ၃၀ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်တဲ့  "တည်ငြိမ်အေးချမ်း သည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏အခန်းကဏ္ဍ" ဆွေးနွေးပွဲ တွင် ပြောကြားခြင်းဖြစ်သည်။

အခုက ဒီဇင်ဘာ၊ ဇန်န၀ါရီလောက် ဆိုရင်တော့ Nationwide Cease Fire Accord ဖြစ်နိုင်တယ်။ အဲဒါပြီးလို့ Frame-work ဆွဲပြီးတာနဲ့ ဟိုဘက်ဆက်သွားမှာပဲ။ ဒီဖြစ်စဉ်တွေ အားလုံးက တစ်ဆက်တည်းပဲ ဖြစ် ပါတယ်လို့ ဦးအောင်မင်း ဆက်ပြောသည်။

တိုင်းရင်းသားဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်/အသစ်ရေးဆွဲဖို့နှင့် နိုင်ငံရေး အားမခံချက်ရှိမှ တနိုင်ငံလုံးအတိုင်း အတာ လက်မှတ်ရေးထိုးကြမယ်လို့ ပြောထားသည်။

အစိုးရ၏ မူကြမ်းကို လက်မခံသည့် အချက်များပါဝင်တဲ့အတွက်ကြောင့် လက်မှတ်ရေးထိုးရန် နီးစပ်မှု မရှိသေးကြောင်း ဘားအံဆွေးနွေးပွဲကျမှ အဖြေပေါ်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ခေါင်းဆောင်၊ UNFC အထွေထွေ အတွင်းရေး မှူး နိုင်ဟံသာက ပြောကြားသည်။

0 မှတ်ချက်များ for "အာဏာတွေကို ထိပါးစေတဲ့ ကိစ္စရပ်များ မဆွေးနွေးဖို့ သမ္မတမှာကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++