ထိုင်းဆန္ဒပြခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံပြီး ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရန် တောင်းဆို
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်က ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နဲ့ သူတွေ့ဆုံ ခဲ့ကြောင်း၊ သူတို့ရဲ့လှုပ်ရှားမှုကို
ရုပ်သိမ်းပေးဖို့
ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့
တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
ငြင်းဆိုခဲ့ပြီး ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရေးနဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့
တောင်းဆိုခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
Suthep Thaugsuban က ဆန္ဒပြသူတွေစုဝေး စခန်းချရာ ဘန်ကောက်မြို့လယ်မှာ
သူ့ကိုထောက်ခံ သူတွေကို တနင်္ဂနွေနေ့က ပြောဆိုလိုက်တာပါ။
ဒီပဋိပက္ခမှာ
ဘက်မလိုက်ဘဲ ကြားနေတယ်လို့ဆိုတဲ့ ထိုင်းစစ်တပ်က အစိုးရ
ဆန့်ကျင်ရေးဆန္ဒပြသူတွေရဲ့ အစည်းအဝေးကို လုံခြုံရေး စောင့်ကြည့်
ပေးခဲ့ပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံးစိုက်ရာ အစိုးရရုံးဝင်းကို ခဲတွေနဲ့ပေါက်ခဲ့လို့ ထိုင်းရဲတွေက မျက်ရည်ယိုဗုံးနဲ့
လူစုခွဲခဲ့ရပါတယ်။
လွန်ခဲ့တဲ့အပတ်ကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေး
ဆန္ဒပြပွဲတွေ အတွင်း ဒီတခါ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး
အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အစိုးရကတော့ ဘန်ကောက်မြို့ခံတွေကို
လုံခြုံမှုအတွက် ညဘက် အိမ်ပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။___ဗွီအိုအေ
0 မှတ်ချက်များ for "ထိုင်းဆန္ဒပြခေါင်းဆောင် ၀န်ကြီးချုပ်နဲ့တွေ့ဆုံပြီး ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရန် တောင်းဆို"