SSPP/SSA နှင့် ဗမာအစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား
အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ်အကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင် အခြေစိုက် ခလရ ၂၉၁ က အစိုးရတပ်တွေဟာ တန့်ယန်းမြို့ နယ် မိုင်းကောဝ်ကျေးရွာအုပ်စု အရှေ့ဘက် လွိုင်လင်တောင်က ရှမ်းပြည်တပ် မတော် တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း အမှတ် ၁၉၂ အခြေစိုက်စခန်းဘက်ကို ကြိုတင်အကြောင်းမကြားဘဲ ၀င်ရောက်လာတဲ့အတွက် ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“ဖြစ်စဉ်က ကျနော်တို့တပ်အခြေချထားတဲ့နေရာကို သူတို့တက်လာတယ်လေ။ ကျနော်တို့ထိန်းချုပ် တဲ့နေရာ၊ တပ်ရှိတဲ့နေရာကိုလာရင် သတင်းပို့ရမယ်ဆိုတဲ့ အချက်အလက်ပေါ် သူတို့မလိုက်နာလို့ ခဏ ခဏ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ကျနော်တို့ အင်အား ၁၀၀ လောက်၊ သူတို့ပြောတာတော့ ရိက္ခာပို့တဲ့ အတွက် လမ်းကင်းယူတယ်လို့တော့ ပြောတယ်။ နောင်မွန်း ဆိုတဲ့ နေရာသွားမလို့ပါ။ ဒါပေမယ့် နောင် မွန်းသွားတဲ့လမ်းကြောင်းလည်း မဟုတ်ဘူး။ ကားလမ်းနဲ့ဆို ၄-၅ မိုင်လောက် ဝေးတယ်။”
ပစ်ခတ်မှုတွေဟာ မနေ့က ညနေ ၃ နာရီခွဲကနေ ၆ နာရီကျော်ထိ တကြိမ်၊ ဒီနေ့ မနက် ၆ နာရီခွဲကနေ မွန်းလွဲ ၁ နာရီကျော်ထိ ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရစာရင်း မသိရသေးဘူးလို့ဆိုပါတယ်။
မနေ့က ပစ်ခတ်မှုဖြစ်ရတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဘက်က လားရှိုးဆက်ဆံရေး ရုံးကနေတဆင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးဆီအကြောင်းကြားခဲ့တယ် လို့ဆိုပါတယ်။
ဗိုလ်မှူးချုပ် အောင်စိုးက သူတို့တပ်ကို ပြန်ရုပ်ပေးမယ့်အကြောင်းနဲ့ ပစ်ခတ်ဖို့အမိန့်မပေးခဲ့ကြောင်း၊
အောက်ခြေက သူတို့ဘာသာ လုပ်သွားတာ ဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။
ဒါပေမယ့် ဒီနေ့မွန်းလွဲ ၂ နာရီကျော်ထိတော့ အစိုးရတပ်တွေ မဆုတ်ခွာသေးဘူးလို့ ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။
အခု ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ပွဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် ဖွံ့ဖြိုးရေးစီမံကိန်းတည်ဆောက်နေရာ လွိုင်လန်းဒေသနဲ့ မနီးမဝေးမှာ ရှိကြောင်း၊ ဒါပေမယ့် တပ်ချင်း
တော့ မတူဘူးလို့ ဆိုပါတယ်။
စစ်အစိုးရလက်ထက်မှာ အပစ်အရပ် သဘောတူခဲ့ပေမယ့် ဌာနေပြည်သူ့စစ်ပြောင်းဖို့လက်မခံတဲ့ ရှမ်း
ပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရတပ်နဲ့ ၂၀၁၁ ခုနှစ်တွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားပြီး ၂၀၁၂ ထဲမှာတော့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်ရေး လက်မှတ်ရေးထိုးခဲ့တယ်။
ဒါပေမယ့်လည်း အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးအတွက် ရှမ်းပြည်တပ်မတော် တပ်စခန်းတွေကို
နောက်ဆုတ်ခိုင်းတာနဲ့အကြောင်းမကြားဘဲ နယ်မြေထဲ ၀င်လာတာတွေကြောင့် ထိတွေ့တိုက်ပွဲပေါင်း အနည်းဆုံး ၈၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောပါတယ်။__ဒီဗွီဘီ

0 မှတ်ချက်များ for "SSPP/SSA နှင့် ဗမာအစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား"