အကြီးကျယ်ဆုံး နျူကလီးယား လက်နက်စစ်ရေး လေ့ကျင့်မှု ရှရှားပြုလုပ်

ရုရှားနိုင်ငံသည် နှစ်၂၀ အတွင်း အကြီးမားဆုံး မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ ဥရောပသို့ သယ်ယူပို့ဆောင်ခြင်း စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု အမေ ရိကန် အာဏာပိုင်များက ပြောဆိုလိုက်သည်။ 

အဆိုပါစစ်ရေး လေ့ကျင့်မှုသည် ရုရှားနိုင်ငံ၏ နှစ် ၂၀ စစ်ရေးလေ့ကျင့်မှု သမိုင်းတွင် အကြီးကျယ် ဆုံးဖြစ်ပြီး ယင်းစစ် ရေးလေ့ကျင့်မှု အတွင်း ရုရှားနိုင်ငံ အနီးအနားရှိ ဥရောပ နိုင်ငံများသို့ နျူကလီးယား လက်နက် များ သယ်ဆောင်ခြင်း စစ်ရေးလေ့ ကျင့်မှုကို ပြုလုပ်ခဲ့သည်။ ယင်းစစ်ရေး လေ့ကျင့်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံး ရက်သတ္တပတ် အတွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါစစ်ရေး လေ့ကျင့်မှု အတွင်း ရုရှားစစ်တပ်က ပါဝင် ဆောင်ရွက်ခဲ့သော စစ်သား အရေအတွက်နှင့် လက်နက် ပမာဏကြောင့် အမေရိကန်နိုင်ငံမှ စိုးရိမ်ခဲ့ရသည်ဟု သိရသည်။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှု အပြီး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗ်ရော့ခ် တို့သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ တွေ့ဆုံခဲ့ကြသော်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှု နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထည့်သွင်း ဆွေးနွေးကြခြင်း မရှိခဲ့ကြပေ။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ရုရှားစစ်သား ၇၀၀၀ နှင့် စစ်တိုက်လေ ယာဉ် ၄၈ စင်း ပါဝင်ခဲ့ သည်။ စစ်ရေးလေ့ကျင့်မှု အတွင်း၌ ရုရှားနိုင်ငံရှိ လက်နက်တိုက်များမှ နျူကလီးယား လက်နက် မြောက် များစွာကို အခြား လက်နက်သိုလှောင်ရုံသို့ နေရာပြောင်းလဲ ပို့ဆောင် ခြင်း လေ့ကျင့်ခဲ့သည်ဟုသိရသည်။ 

ယင်းစစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှား နိုင်ငံတို့က အလေးထားဆွေးနွေး ခဲ့ခြင်းမရှိခဲ့သော်လည်း ကမ္ဘာ့မဟာဗျူဟာမြောက် စစ်လက်နက် ဖျက်သိမ်းမှု စာချုပ်အသစ်အရ ရုရှားနိုင်ငံက အမေရိကန် နိုင်ငံကို ယင်းစစ်ရေး လေ့ကျင့်မှုနှင့် ကြိုတင်အသိပေး မှုလိုအပ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "အကြီးကျယ်ဆုံး နျူကလီးယား လက်နက်စစ်ရေး လေ့ကျင့်မှု ရှရှားပြုလုပ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++