PSG နဲ့ ကစားမည့် ပွဲစဉ်များတွင် ဘာစီလိုနာ နောက်ခံလူ ပူယိုး လွဲချော်ဖွယ်ရှိ

PSGနှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဘာစီလိုနာ အသင်းခေါင်းဆောင် ကားလက်စ်ပူယိုး အနေဖြင့် လွဲချော်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြ ခဲ့သည်။



အသက် (၃၄)နှစ်ရှိ စပိန် လက်ရွေးစင် ဗဟိုနောက်ခံလူသည် ပြီးခဲ့သည့် ရာသီမှစကာ ဒဏ်ရာများ ဆက်တိုက် ရရှိခဲ့ပြီး ယခု အခါတွင်လည်း ဒူးဒဏ်ရာကို ခွဲစိတ်မှု ခံယူ ထားရသည်။ ညာဘက်ဒူး ကို ကြာသပတေးနေ့က ကာတာလန်တွင် ခွဲစိတ်ခဲ့ သည့်နောက် ပူယိုးသည် ကာလ အတန်ကြာ အနားယူ ရမည်ဟု သိရှိရသည်။ ကလပ် အသင်းက “ပူယိုးဟာ ဒူးဆစ်ဆိုင်ရာ ခွဲစိတ်မှု တစ်ခုကို ကြာသပတေးနေ့ ညနေပိုင်းက ခံယူခဲ့ ပါတယ်။ သူ့ညာဘက် ဒူးရဲ့ ထိခိုက်မှုကို ရှင်းရှင်း လင်းလင်း ပျောက်အောင် ကုသဖို့ လိုအပ်တာကြောင့် ပါ”ဟု ကြေညာ ခဲ့သည်။

အသင်းက “ပူယိုး ပြန်ကစားနိုင်မယ့် အခြေအနေ ကတော့ မပြောနိုင်သေး ပါဘူး။ ဒါကလည်း သူ့ရဲ့ ဒဏ်ရာ တိုးတက်မှု အခြေအနေအပေါ် မူတည်ပြီးမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်”ဟု လည်း ဆိုသည်။ ပူယိုးသည် စပိန် လက်ရွေးစင် အသင်း၏ ဖင်လန်၊ ပြင်သစ်တို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ် ပွဲဝင် လူစာရင်း ကိုလည်း လွဲချော်ပြီး ဖြစ်သည်။ ဘာစီလိုနာသည် ချန်ပီယံလိဂ်တွင် PSG အသင်းအား ပဲရစ်မြို့၌ ဧပြီလ (၂)ရက်နေ့တွင် ပထမ အကျော့ ကစားပြီး (၁၀)ရက်နေ့တွင် နူးကမ့်၌ ဒုတိယ အကျော့ ကစားမည် ဖြစ်သည်။ Source: skysports

0 မှတ်ချက်များ for "PSG နဲ့ ကစားမည့် ပွဲစဉ်များတွင် ဘာစီလိုနာ နောက်ခံလူ ပူယိုး လွဲချော်ဖွယ်ရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++