ဆီးရီးယားအတိုက်ခံက မစ္စတာ ဂါဆန်ဟစ်တိုကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်

ဆီးရီးယားအတိုက်ခံတပ်ဖွဲ့သည် သမ္မတဘာရှာ အယ်လ်အာဆတ်၏တပ်ဖွဲ့များထံမှ သိမ်းယူ ထားသော နယ်မြေများကို ထိရောက်စွာ စီမံနိုင်ရေး အတွက် ယာယီအစိုးရအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန် အမေရိကန် IT ပညာသင်ကြားရေး မန်နေဂျာနှင့် အစ္စလာမ်လှုပ်ရှားပြောင်းလဲရေးဝါဒီ ဂါဆန်ဟစ်တို ကို မတ်တွင် မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။
 
ဆီးရီးယာ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၆၃ ဦး ပါဝင်သော အစ္စတန်ဘူလ် မြို့၌ပြုလုပ်သည့် အစည်းအဝေး၌ ဂါဆန်ဟစ်တိုသည် လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာတွင် ထောက်ခံမဲ ၃၅ မဲ ရရှိခဲ့ခြင်း ဖြစ်သည်။
 
ဟစ်တိုသည် အမေရိကန် နိုင်ငံတွင် ဆယ်စုနှစ်ချီ ကြာအောင် နေထိုင်ခဲ့သူဖြစ်ပြီး မကြာသေးမီကပင် အတိုက်အခံတပ်ဖွဲ့များ စခန်းချရာ ဒေသများ၌ ပူးပေါင်းအကူအညီပေးရန် တက္ကဆက်ပြည်နယ်မှ တူရကီ သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
 
အစိုးရ အဖွဲ့သစ်သည် အာဆတ်တပ်ဖွဲ့များအား တိုက်ခိုက်လျက်ရှိသော အတိုက်ခံအဖွဲ့နှင့် ပူးပေါင်း
ဆောင်ရွက်သွားမည်ဟု ညွန့်ပေါင်းတပ်ဖွဲ့ဝင်များက မျှော်မှန်းထားသလို အတိုက်ခံတပ်ဖွဲ့များ စခန်းချ ရာဒေသများအတွင်း ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟုလည်း မျှော်မှန်းထားကြောင်း သိရသည်။

0 မှတ်ချက်များ for "ဆီးရီးယားအတိုက်ခံက မစ္စတာ ဂါဆန်ဟစ်တိုကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++