ကယန်းမျိုးဆက်သစ်လူငယ် ၆ ကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ပြီးဆုံးပြီ
![]() |
| ညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ထုတ်ပြန်ကြေညာချက်ကို ဖတ် ကြားနေသော အရွေးကောက်ခံ ဗဟိုကော်မတီများ ဓါတ်ပုံ/JackAthan |
ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု လွယ်ယင်း မင်္ဂလာ ကျေးရွာမှာ ၂၄ရက်နေ့ မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ ကယန်းမျိုးဆက်သစ် လူငယ် KNGY ၏ ၆ကြိမ်မြောက် ညီလာခံကို
အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။
ညီလာခံတွင် ခူးဘီးဒူ (ဥက္ကဋ္ဌ)၊ ခူးအသန်း (ဒုတိယ ဥက္ကဋ္ဌ)၊ ခူးဘုန်းမြင့် (တွဲဘက်အတွင်းရေးမှူး) အပါအ၀င် ဗဟိုကော်မတီဝင် ၁၁ ဦး၊ အရံကော်မတီ ဝင် ၄ ဦးနှင့် လုပ်ငန်းဌာန ၆ ခုအတွက် တာဝန်ခံ ၃၆ ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး KNGY ၏ မူဝါဒများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခဲ့ကြသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ တိုင်းရင်းသား တို့ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီး လူထုတွေ ပိုမို သိရှိနားလည် သဘောပေါက်လာနိုင်အောင် ပညာပေးရေး အစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ ဥက္ကဌသစ် ခူးဘီးဒူက ပြောပါတယ်။
ကယန်းအမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဆရာမှိုင်းက “နိုင်ငံရေးပါတီရဲ့
အခုလောလောဆယ် လှုပ်ရှားမှုအခြေအနေက အင်မတန် အားနည်းပါတယ်။ အားလည်းမရဘူး။
လူငယ်ပိုင်းကနေ ပါဝင်ဖြည့်စွက် ကူညီပေးကြပါ”လို့ ညီလခံမှာ တိုက်တွန်း ပြောကြားသွားပါတယ်။
၆ ကြိမ်မြောက် KNGY ညီလာခံတွင် ကယန်းလူငယ် ၄၀၀
ခန့် တက်ရောက်ခဲ့ကြပြီး ကယန်းအမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင်အချို့နှင့် မိုးဗြဲ ရဲစခန်း တာဝန်ရှိသူလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
၆ ကြိမ်မြောက် KNGY ညီလာခံ၏ ထုတ်ပြန်ကျေညာချက် >>> ဤနေရာတွင် ဖတ်နိုင်ပါသည်။
၆ ကြိမ်မြောက် KNGY ညီလာခံ၏ ထုတ်ပြန်ကျေညာချက် >>> ဤနေရာတွင် ဖတ်နိုင်ပါသည်။

0 မှတ်ချက်များ for "ကယန်းမျိုးဆက်သစ်လူငယ် ၆ ကြိမ်မြောက် ညီလာခံ အောင်မြင်စွာ ပြီးဆုံးပြီ"