မဂွီဘော်ဒေသတွင် ထိုးစစ်ဆင်လာသော ဗမာတပ်မတော် KIA တပ်ရင်း(၈)နှင့် တိုက်ပွဲဖြစ်
မတ်လ ၂၁ ရက် မနေ့ ညနေပိုင်းက ကေအိုင်အေ တပ် မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ မဂွီဘော် ( Magwi baw ) ဒေသဘက်သို့  ခလရ (၁၃၀) ခမရ(၅၀၄) ပူးပေါင်းတပ်ဖွဲ့ အင် အား(ရ၀)ကျော် စစ်ကြောင်းထိုး လှုပ်ရှား လာနေသောကြောင့် အဆိုပါဒေသ ရှိ ကေအိုင်အေ တပ်ရင်း (၈) တပ်ဖွဲ့ ဝင်များ နှင့် ထိတွေ့  တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၂၁ ရက် မနက်ပိုင်း ၁၁း၀၀ နာရီ ခန့် ကေအိုင်အေ တပ်မဟာ ၄ နယ်မြေ နမ်ဖက် ကာကျေးရွာ အနီး Ngaw Nga ဒေသဘက်သို့ စစ်ကြောင်းထိုးတက်လာသော အမည်မသိရသေး
သော အစိုးရ တပ်ဖွဲ့ များနှင့် ပန်ဆေးပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းအဖွဲ့ နှင့် ညီနောင်ပလောင်တော် လှန်ရေးတပ်ဖွဲ့  TNLA တပ်ရင်း (၁၁၂ ) တပ်ဖွဲ့ ဝင်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။

0 မှတ်ချက်များ for "မဂွီဘော်ဒေသတွင် ထိုးစစ်ဆင်လာသော ဗမာတပ်မတော် KIA တပ်ရင်း(၈)နှင့် တိုက်ပွဲဖြစ်"