“ကယန်းအလှ” ရုပ်ရှင် ဇာတ်ကားကို အဆီယံရုပ်ရှင်ပွဲတော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည်

မြန်မာတိုင်းရင်းသားဖြစ်သည် ကယန်းလူမျိုးတို့၏ ချစ်စရာကောင်း
သော စိတ်ဓာတ်၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် တွေ့ကြုံ ခံစား ရသောဒုက္ခများကို အခြားမြန်မာတိုင်းရင်းသားပမာ နိုင်ငံတကာမှ သိရှိစေရန် ရည်ရွယ်ရိုက်ကူးခဲ့သော “ကယန်းအလှ” ရုပ်ရှင် ဇာတ် ကားကို လာမည့် မတ် ၂၈ ရက်မှ ၃၀ ရက်အထိ မလေးရှာနိုင်ငံ ဆာ ရာဝမ်မြို့တွင်ပြုမည့် အဆီယံရုပ်ရှင်ပွဲတော်သို့ ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သတင်ထုတ်ပြန် ထားသည်။ 

မကြာမီမြန်မာ့ရုပ်ရှင်သက်တမ်း နှစ်(၁၀၀)ပြည့်တော့ မည်ဖြစ်ရာ
နိုင်ငံတကာတွင်ရှိသော ရုပ်ရှင်ရုံများတွင် နိုင်ငံခြားကားများနှင့် တန်း တူ ရင်ပေါင်တန်းနိုင်သော မြန်မာ့ရုပ်ရှင်ကားများကို ပြသနိုင်ရန် ကြိုး စားခဲ့သည်မှာ ၂၇ နှစ်ပင်ကြာခဲ့ကြောင်း။ “ကယန်းအလှ” ရုပ်ရှင် ကားသည် ၂၀၁၂ ခုနှစ်တွင် နေပြည်နော်၌ ၁ ပတ်တိတိ ပြသ ခဲ့ကြောင်း။ ၂၀၁၂ ရုပ်ရှင်ဇာတ်ကား စာရင်းင်ဖြစ်ခဲ့သော်လည်း အခြားသောမြို့နှင့် ပြည်နယ်တို့တွင် ရုပ်ရှင် ရုံအခက်အခဲကြောင့် အများပြည်သူကြည့်ရှုနိုင်ရန် နှောင့်နှေးခဲ့ရကြောင်း၊ “ကယန်းအလှ” ရုပ်ရှင်ကား ရိုက် ကူးခဲ့သော ဒါရိုက်တာအောင်ကိုလတ်နှင့် မတ် ၆ ရက်ကတွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

ရုပ်ရှင်နဲ့ ချပြရမယ် “ကျွန်တော်တို့နိုင်ငံမှာ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေ အများကြီးရှိတယ်။ ဒါကို ရုပ်ရှင်ကားတစ်ဆင့် နိုင်ငံတကာကို ချပြရမယ်။ ကိုရီးယားလို နိုင်ငံမျိုးထက် ကျွန်တော်တို့နိုင်ငံမှာ ယဉ်ကျေးမှုဓလေ့ပိုကြွယ်တယ်။ သူတို့က ရုပ်ရှင်ကနောတစ်ဆင့် အောင်တာပါ။ ကျွန်တော်တို့လည်း ကြိုးစားရင်ဖြစ်ပါတယ်။ အခက်အခဲကတော့ အများကြီးရှိပါတယ်။ နည်းပညာ ငွေကြေး စတာတွေပေါ့။ အနောက်က ပံ့ပိုးပေးမှုတွေလည်း လိုတာပေါ့။ ကျွန်တော်ကတော့အခုလို ကားမျိုးတွေကို ဆက်ရိုက်သွားမယ် ဟု ၎င်းကပြောသည်။ 

အဆိုပါ ဇာတ်ကားတွင် ဖြစ်ရပ်မှန်ပေါ်အခြေခံ၍ “ကယန်း” အမျိုးသမီးများ၏ တွေ့ကြုံခံစားရမှုများကို အခြေခံရိုက်ကူးထားပြီး နိုင်ငံတကာတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ခဲ့ကြောင်း။ နိုင်ငံခြားခရီးသွားများက “ပဒေါင်”ဟုခေါ်သော “ကယန်း” လူမျိုးများသည့် ဘန်ကောက်တွင် နေထိုသူများဟု အထင်များနေကြရာ ဤဇာတ်ကားကို ပြသနိုင်ခြင်းအားဖြင့် “ကယန်း” လူမျိုးများသည် မြန်မာတိုင်းရင်းသား စစ်စစ်ဖြစ်သည်ကို ကမ္ဘာသိနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 မြန်မာနိုင်ငံရှင်ရှင်းအစည်းအရုံးမှ မလေးရှားရုပ်ရှင်ပွဲတော် ကျင်းပရေးကော်မရှင်သို့ “ကယန်းအလှ” အမေ့ကျေးဇူးဆပ်ဖူးချင်တယ်” နှင့် မျှော်လင့်ခြင်းများစွာ” ဇာတ်ကား ၃ ကားကို ပေးပို့ခဲ့ရာ ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီသော “ကယန်းအလှ” တစ်ကားတည်းသာ ပြိုင်ပွဲဝင်ခွင့်ရပြီး ကျန် ၂ ကားမှာ အများပြည်သူအား ပြသရန်သာ ရွေးချယ်ခဲ့သည် ဆို၏။ 

အကဲဖြတ် ပညာရှင်ဦးအောင်လွင်၊ “ကယန်းအလှ” ရိုက်ကူးသူ ဒါရိုက်တာ ဦးအောင်ကိုလတ်၊ ဇတ်ညွန်း Mr.Hector Carrosson “ အမေ့ကျေးဇူးဆပ်ဖူးချင်တယ်” ဇာတ်ကားထုတ်လုပ်သူ ဦးခင်ဆိုင်၊ “မျှော်လင့်ခြင်း များစွာ” ရိုက်ကူးသူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နိုင်ငံတကာ ဆက်ဆံရေးကော် မတီမှ ဒေါ်ဆွေ ဇင်ထိုက်တို့က မတ်လ ၂၆ ရက်တွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ကြမည်ဟု သတင်းထုတ်ပြန် ထားသည်။__ဒါးဒါး

0 မှတ်ချက်များ for "“ကယန်းအလှ” ရုပ်ရှင် ဇာတ်ကားကို အဆီယံရုပ်ရှင်ပွဲတော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++