မြန်မာနိုင်ငံတွင် Google Play သုံး၍ရပြီ
မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်
စောင့်စားနေသော Google Play ကို ယနေ့နံက်မှစတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည်။

ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီး
နောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။
ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ် အယ်ပလီကေးရှင်းအသုံးပြုသူတစ်ဦးက " အရမ်းမိုက် ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခုအသုံးပြုချင်ဆို Google Play က ကျွန်တော်နိုင်ငံ အနေနှင့် သုံးမရတော့ သိပ်အဆင်မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန်တော် ဖုန်းနဲ့ စမ်းသုံးကြည့်တော့ သုံးလို့ရတာတွေ့ရပါတယ် " ဟု ၎င်းကပြောသည်။

0 မှတ်ချက်များ for " မြန်မာနိုင်ငံတွင် Google Play သုံး၍ရပြီ"