သူပုန်တွေက ဗဟိုအာဖရိက မြို့တော်ဘန်ဂီကို ထိန်းချုပ်လိုက်ပြီ
ဗဟိုအာဖရိက သမ္မတနိုင်ငံက သူပုန်တွေဟာ မြို့
တော်ဘန်ဂီကို ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး၊ သမ္မတ နန်းတော်ကိုလည်း သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။
သမ္မတ ဖရန်ဆွာဘိုဇီဇေးကတော့ မြို့တော်ကနေ ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်တယ်လို့
ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရန့် ဖက်ဗျစ်
က ပြောပေမယ့် ဘယ်ကိုထွက်သွားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ် ပြောကြားခြင်း မရှိပါ။
သမ္မတ ဘိုဇီဇေးရဲ့ ဇနီးနဲ့ ကလေးတွေအပါအဝင် တခြားမိသားစုဝင်တွေဟာ အိမ်နီးချင်း ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံကို ရောက်ရှိလာတယ်လို့ အဲဒီက ဝန်ကြီးတပါးက ပြောပါတယ်။
မြို့ရဲ့အခြေအနေတွေဟာ လုယက်မှုတွေ အများအပြားဖြစ်နေပြီး၊ ဝရုန်းသုန်းကားနဲ့ ထိန်းမနိုင်သိမ်းမရ
ဖြစ်နေတယ်လို့ ဘန်ဂီမှာ ရှိတဲ့လူသားချင်းဆိုင်ရာ ကူညီမှုတွေ ဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။
ဇန်နဝါရီလက နှစ်ဘက်သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ပါ လိုက်နာ ရမယ့် စည်းကမ်းချက်တွေကို သမ္မတဘိုဇီဇေးက လေးစားလိုက်နာခြင်းမရှိဘဲ ချိုးဖေါက်ခဲ့တယ်လို့ သူပုန်တွေက စွပ်စွဲထားပါတယ်။__ဘီဘီစီ

0 မှတ်ချက်များ for "သူပုန်တွေက ဗဟိုအာဖရိက မြို့တော်ဘန်ဂီကို ထိန်းချုပ်လိုက်ပြီ"