ဘင်္ဂလာဒေခ်ျ့တွင် တိုနာဒိုမုန်တိုင်းကြောင့် ၂၀ ဦးသေဆုံး/ ၂၀၀ ထိခိုက်ဒဏ်ရာရ
ယခုနှစ် အတွင်း ပတမ ဆုံး အကြိမ် ရုတ်တရက် ကျရောက်ခဲ့သော တိုနာဒို ( Tornado) မုန်တိုင်း
ကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၂၀ သေဆုံးပြီး အနည်းဆုံး လူ ၂၀၀ ထိခိုက် ဒဏ်ရာ ရရှိသွား ခဲ့သည်။
သေဆုံးသူများထဲတွင် ကလေး တစ်ဦးနှင့် အမျိုး သမီး နှစ်ဦး ပါဝင်သည်။
ယမန်နေ့ (မတ်လ ၂၂ ရက်) နေ့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရုတ်တရက် ကျရောက်ခဲ့သော မုန်တိုင်း သည် ရာပေါင်းများစွာသော သက်ကယ်မိုး အိမ်များအား ဖျက်ဆီးပစ်ခဲ့ပြီး မြောက်များစွာသော စပါး စိုက်ခင်းများအားလည်း လဲပြိုစေခဲ့သည်ဟု ဆိုသည်။
သစ်ပင်များအား အမြစ်နုတ်ကာ ပြောင်းပြန် လှန်ပစ်ခဲ့သည်ဟု သတင်းစာများက ရေးသား ဖေါ်ပြသည်။
ဒက္ကားမြို့ အနီးတွင် တည်ရှိသော ဘြမ်မာ ဘာရီယာ ခရိုင်အတွင်းမှ မြို့နယ် (၃) ခုတွင် ကျရောက်ခဲ့သော တိုနာဒို မုန်တိုင်းသည် ၁၅ မိနစ်သာ အချိန်ကြာသော်လည်း အပျက်အစီး များစေခဲ့သည်ဟု ဆိုသည်။
ကျေးရွာ အများအပြားမှာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီး အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသော ကျေးရွာ များမှာ မြို့နယ် (၃) ခု အတွင်းမှ Ramril ၊ Machhihata ၊ Basudev နှင့် Sultanpur ကျေးရွာ အုပ်စုမှ ရွာများ
ဖြစ်ကြသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ဘီအန်ပီပါတီ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ ချက်ချင်း ကျေညာချက်များ အသီးသီး ထုတ်ပြန်ကာ ယခု အဖြစ်အပျက် အတွက် ၀မ်းနည်း တုန်လူပ် ရကြောင်း ဖေါ်ပြသည်။
သက်ဆိုင်ရာမှ ချက်ချင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဒုက္ခရောက်သွားသော မိသားစု တစ် ခုကို တာကာငွေ နှစ်သောင်းနှင့် ဆန် ကီလို ၂၀ စီ ခွဲဝေပေးခဲ့သည်ဟုဆိုသည်။ ဒဏ်ရာ ရသူ တစ်ဦးကို လည်း တာကာ ၅၀၀၀ စီ ဆေးကုသရန် ထောက်ပံ့ခဲ့သည်ဟု သိရသည်။__နိရဉ္စရာ

0 မှတ်ချက်များ for "ဘင်္ဂလာဒေခ်ျ့တွင် တိုနာဒိုမုန်တိုင်းကြောင့် ၂၀ ဦးသေဆုံး/ ၂၀၀ ထိခိုက်ဒဏ်ရာရ"