ကရင်နီဒုက္ခသည် စခန်း မီးလောင်၍ အိမ်ခြေ ၄၂၀ပြာကျ ၃၂ ဦးသေဆုံး

မတ်လ ၂၂ ရက် သောကြာနေ့  ညနေ ၃ နာရီမှာ  ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့ နယ် အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း (မယ် ဆူရင်းစခန်း) မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦး
သဆုံးပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ ဦး ပါတယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဟောင်
ဆာင်ဆးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရတယ်လို့သိ ရပါတယ်။ 


မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးဟာ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၄ က အိမ်ခြေ ၄၂၀ကျော် ကို ပြာကျသွားစေခဲ့ပါတယ်။ ရပ်ကွက်၂ ခု စလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့ အတွက် လက်ရှိ ရပ်ကွက် ၁ မှ လူဦးရေ ၁၁၂၃ ဦးနဲ့ ရပ်ကွက်၎ မှ လူဦးရေ ၁၂၀၇ ဦးအတွက် NGO အဖွဲ့ အစည်းများဖြစ်တဲ့ IRC, TBBC, IOM နဲ့ ဒေသခံထိုင်းအာဏာပိုင်တို့ကနေ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ပေးနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေး ညွန့်ပေါင်းအသင်း TBBC ရဲ့ ၂၀၁၃ခုနှစ်ဖေါ်ဖေါ်ဝါရီ လူဦးရေး စရင်းပြု စုထားချက်အရ အမှတ် ၂ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ဦးရေ ၃၄၅၈ ဦးဖြစ်ပါတယ်။

0 မှတ်ချက်များ for "ကရင်နီဒုက္ခသည် စခန်း မီးလောင်၍ အိမ်ခြေ ၄၂၀ပြာကျ ၃၂ ဦးသေဆုံး "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++