မြန်မာ့ငြိမ်းချမ်းရေးေ ဖ်ါဆောင်မှု အမေရိကန် တိုက်ရိုက် ပါဝင်သင့်

တိုင်းရင်းသားမီဒီယာများစုပေါင်းဖွဲ့စည်းထားသည့် ဘီအဲန်အိုင် က မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ‘မြန်မာ့ငြိမ်း ချမ်းရေးဖေါ်ဆောင်မှုမှာ အမေရိကန် တိုက်ရိုက် ပတ်သက်သင့်’ သည်ဟု ပြောကြားလိုက်ပါသည်။

“ထိုင်းနိုင်ငံမှာလုပ်တဲ့ တွေ့ဆုံပွဲမှာဆို ဂျပန်က ကမကထ ပြုတယ်။ မူစယ်တဘက်ခြမ်းရွှေလီမှာ တွေ့ဆုံ တာက တရုတ်က တိုက်ရိုက် ပတ်သက်တယ်။ ဝင်ရောက်စွက်ဖက်တယ်လို့တောင် ကြားရတယ်။ ဂျပန်နဲ့ တရုတ်က ရန်ဘက်လေ။ ငြိမ်းချမ်းရေးလမ်းစဉ်ကဖြောင့်
တော့မှာမဟုတ်ဘူး။ သူတို့နှစ်ဦးဘဲ ပြိုင်လုမနေရအောင် အမေရိ ကန် ပါဝင်လာသင့်တယ်” - ဟု Deciphering – Myanmar's Peace Process အစီရင်ခံစာ ထုတ်ပြန်မှုဆိုင်ရာ သတင်းစာရှင်း လင်းပွဲ၌ သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် ဦးခွန်စိုင်းက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဉက္ကဌ ဦးအောင်မင်း အဖွဲ့ နှင့် UNFC ကိုယ်စားလှယ်တို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်း မှ ကမက ထ ပြု၏။ မတ် ၁၁ ရက်နေ့ ကေအိုင်အို နှင့် ဦးအောင်မင်းတို့အဖွဲ့ တရုတ်နယ်စပ် ရွှေလီမြို့၌ တွေ့ဆုံရာ တွင် တရုတ်အစိုးရက ကမကထပြုသည်ဟုဆို၏။

“ရွှေလီတွေ့ဆုံပွဲ တရုတ်က ဝင်ပါလာလို့ တချို့ဟာတွေ ဆုံးဖြတ်ချက်ထဲ မပါလိုက်ရဘူး။ humanitarian assistant တို့ ceasefire monitoring တို့ မပါဘူးလေ။ အဲဒီကိစ္စထည့်ထားရင် အနောက်နိုင်ငံက NGO
တွေ ဝင်လာမယ်။ ဒါကိုတရုတ်က မကြိုက်ဘူး၊ အဲဒါကြောင့် တရုတ်က တဘက်၊ ဂျပန်ကတဘက် လွန် ဆွဲ နေရင် မြန်မာ့ငြိမ်းချမ်းရေးလဲ ဟိုမရောက်ဒီမရောက် ဖြစ်သွားနိုင်တယ်၊ ပိုမိုကြန့်ကြာသွားနိုင်တယ်” - ဟု ပြောပါသည်။

Deciphering – Myanmar's Peace Process A Reference Guide 2013 အစီရင်ခံစာအား သတင်းစာ ရှင်းလင်းပွဲကို ဘီအဲန်အိုင် အကြီးအကဲများဖြစ်သည့် ဦးခွန်စိုင်း၊ နန်းဖေါ့ကေ နှင့် စိုင်းလိတ်တို့က ဦးဆောင်ပြီး ဘန်ကောက်မြို့ FCCT -The Foreign Correspondents' Club of Thailand ၌ ယနေ့ပြု လုပ်ခဲ့ခြင်းဖြစ်သည်။__သျှမ်းသံတော်ဆင့်

0 မှတ်ချက်များ for "မြန်မာ့ငြိမ်းချမ်းရေးေ ဖ်ါဆောင်မှု အမေရိကန် တိုက်ရိုက် ပါဝင်သင့်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++