စိန်ခေါ်မှုများကို အစ္စရေးနှင့်အတူ ရင်ဆိုင်သွားမည်ဟု အမေရိကန် ပြော
အမေရိကန် နိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ စိန်ခေါ်မှုများအား ပူးပေါင်းရင်ဆိုင်သွားရန် ကတိပြုကြောင်းနှင့် အစ္စရေးအစိုးရသစ် ဖွဲ့စည်းနိုင် မှုအပေါ် ဝမ်းမြောက်မိပါသည်ဟု အမေရိကန် သမ္မတဘားရက်အိုဘားမားမှ အစ္စရေးဝန်ကြီးချုပ်
နေတန်ယာဟုသို့ မတ်လ ၁၇ ရက်နေ့တွင် ပြော ကြားခဲ့ပါသည်။
နေတန်ယာဟုသို့ မတ်လ ၁၇ ရက်နေ့တွင် ပြော ကြားခဲ့ပါသည်။
စိန်ခေါ်မှုများအား အတူ ရင်ဆိုင်သွားရန်နှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း
ဆောင်ရွက်မှု မြှင့်တင်ရန် အစ္စရေးအစိုးရသစ်၊ ဝန်ကြီးချုပ် နေတန်ယာဟုတို့နှင့် အတူ ပူးပေါင်းဆောင် ရွက်သွားရန် သမ္မတအိုဘားမားမှ အာရုံစူးစိုက်လျက်ရှိသည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန် ကြေညာခဲ့သည်။
ဆောင်ရွက်မှု မြှင့်တင်ရန် အစ္စရေးအစိုးရသစ်၊ ဝန်ကြီးချုပ် နေတန်ယာဟုတို့နှင့် အတူ ပူးပေါင်းဆောင် ရွက်သွားရန် သမ္မတအိုဘားမားမှ အာရုံစူးစိုက်လျက်ရှိသည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်တွင် အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ၏ ခိုင်မာနက်ရှိုင်းသော ဆက်ဆံရေးကို အမေရိကန် နိုင်ငံမှ အလေးထားပါကြောင်း ပါရှိသည်။
သမ္မတ အိုဘားမားသည် အစ္စရေး ပြည်သူများအား တိုက်ရိုက်မိန့်ခွန်း ပြောရန်နှင့် အစ္စရေးအရာရှိကြီး များနှင့် တွေ့ဆုံရန်အတွက် အစ္စရေးနိုင်ငံသို့ လာမည့်သီတင်းပတ်တွင် သွားရောက်မည် ဖြစ်ပါသည်။
နေတန်ယာဟု၏ Likud ပါတီနှင့် ၎င်း၏မဟာမိတ်ပါတီများဖြစ်သော Yesh Atid နှင့် Jewish ပါတီတို့ အကြား သဘောတူညီမှုများရရှိခဲ့ပြီးနောက် အစ္စရေးညွန့်ပေါင်း အစိုးရသစ်ကို မတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်း နိုင်ခဲ့သည်။

0 မှတ်ချက်များ for "စိန်ခေါ်မှုများကို အစ္စရေးနှင့်အတူ ရင်ဆိုင်သွားမည်ဟု အမေရိကန် ပြော"