ငြိမ်းချမ်းရေး သဘောတူ စာချုပ် တောင်ပိုင်း ထိုင်းသူပုန်နှင့် ထိုင်းအစိုးရ လက်မှတ်ရေးထိုး

ထိုင်းအစိုးရနှင့် Barisan Revolusi Nasional (BRN) သူပုန် အဖွဲ့သည် နိုင်ငံတောင်ပိုင်းတွင် ဆိုးရွားစွာ
ဖြစ်ပျက် နေခဲ့သည့် သောင်းကျန်းမှု များကို အဆုံး သတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ် ဆောင်ရန် သဘောတူခဲ့ကြပြီး ပထမဆုံး အကြိမ်အဖြစ် လူသိရှင်ကြား သဘောတူ စာချုပ်ကို
ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်းတွင်မည့် စာချုပ်ကို ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာ ဝပ်ထရာ မလေးရှား နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်း မပြုမီ ကွာလာလမ်ပူ မြို့၌ BRN သူပုန်အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးနှင့် ထိုင်း တာဝန်ရှိသူ တို့ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

 ဖေဖော်ဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇာတ်နှင့် တွေ့ဆုံခဲ့ပြီး မလေးရှား နိုင်ငံ၏ မွတ်စလင် အများစု နေထိုင်ရာ ဒေသနှင့် ကပ်လျက်ရှိသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်တွင် ကိုးနှစ်ကြာ ဖြစ်ပွား ခဲ့သည့် သောင်းကျန်းမှု များကို အဆုံးသတ်ရေး အပါအဝင် နှစ်စဉ် ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် စစ်သွေးကြွနှင့် ထိုင်း အစိုးရ အကြား စေ့စပ် ဆွေးနွေးမှု များကို မလေးရှား နိုင်ငံ တွင် လက်ခံ ကျင်းပရေး တို့နှင့် ပတ်သက်ပြီး ဆွေးနွေး မှုများ ပြုလုပ် ခဲ့ကြောင်း သိရ သည်။

ထိုင်းနယ်စပ်နှင့် မလေးရှား နိုင်ငံ၏ မွတ်စလင် အများစု နေထိုင်ရာ ဒေသတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေခဲ့ သည်မှာ ကိုးနှစ် ကြာမြင့်ပြီ ဖြစ်ပြီး ဒေသခံ ပြည်သူ ၅၅ဝဝ ကျော်၏ အသက်များ ဆုံးရှုံး ခဲ့ရကြောင်း သိရ သည်။

ယင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး သဘောတူ စာချုပ် ချုပ်ဆိုရာတွင် BRN အဖွဲ့မှ
ခေါင်းဆောင် ဟက်ဆန် တိုင်ဘ်နှင့် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီမှ အတွင်းရေး မှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တနာ သာဘူတာတို့ ပါဝင် လက်မှတ်ရေးထိုး ခဲ့သည်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေး သဘောတူ စာချုပ် တောင်ပိုင်း ထိုင်းသူပုန်နှင့် ထိုင်းအစိုးရ လက်မှတ်ရေးထိုး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++