အစ္စတန်ဘူလ် မြို့မှာ အီရန်+အင်အားကြီး ၆ နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်


အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံအကြား ပညာရှင်အဆင့်
ဆွေးနွေးပွဲအား တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့တွင် မတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသဘောတူ ညီချက်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ပြုလုပ်ခဲ့သော စေ့စပ်ညှိနှိုင်းပွဲတွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောကြားပါသည်။

အီရန်နှင့် P5+1 အကြား စေ့စပ် ညှိနှိုင်းပွဲအား ကာဇက်စတန် နိုင်ငံ အရှေ့တောင်ပိုင်းရှိ Almaty မြို့တွင် ၂ ရက် ကြာ ပြုလုပ်ခဲ့ပြီး အဆိုပါ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါသည်။

အီရန်နှင့် P5+1 အကြား နောက်ဆုံးအကြိမ် စေ့စပ် ညှိနှိုင်းမှုအား ရုရှားနိုင်ငံ မော်စကို မြို့၌ ၂ဝ၁၂ ခုနှစ် ဇွန်လ အတွင်းက ကျင်းပခဲ့ ကြောင်း သိရှိရ ပါသည်။

0 မှတ်ချက်များ for "အစ္စတန်ဘူလ် မြို့မှာ အီရန်+အင်အားကြီး ၆ နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++