ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာ ကဏ္ဍမှာ အမေရိကန် မြန်မာ ကို ကူညီမည်

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီအခြေစိုက် ငြိမ်းချမ်း
ရေးနဲ့ ဥပဒေရေးရာဆိုင်ရာ အကူညီပေးရေး အဖွဲ့ စည်းတစ်ခုဖြစ်တဲ့ PILPG ( Public International Law & Policy Group) အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ ပြည် တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ ပံ့ပိုးကူညီသွားမယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ PILPG အဖွဲ့မှ ဒုတိ ယ ဥက္ကဌ မစ္စမစ်ဂန်အီးစတီးဝေါ့တ် (Mrs. Meghan E. Stewart) ဦးဆောင်တဲ့ အဖွဲ့ဟာ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ ညီညွတ်သော တိုင်း ရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ (၉) မိုင် ပြည်လမ်းမှာရှိတဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန် မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ဥပဒေရေးရာ ကဏ္ဍတွေမှာ PILPG အဖွဲ့ အနေနဲ့ ပံ့ပိုး ကူညီသွားမှာဖြစ်တဲ့ အကြောင်း PILPG အဖွဲ့မှ ပြောကြားခဲ့တာဖြစ်တယ်လို့ UNA အဖွဲ့ နာယက ဦးအေးသာအောင်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

PILPG အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေပေးရာမှာ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ ပြည် သူတွေ အတွက် လူမှု အခြေပြု သင်တန်းတွေနဲ့ ဥပဒေရေးရာ အသိပညာပေး သင်တန်းတွေ၊ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ လိုအပ်နေတဲ့ ဥပဒေရေးရာ ကဏ္ဍတွေ ကို အဓိက အလေးပေး ကူညီသွားမယ်လို့လည်း သိရပါတယ်။

UNA ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ အနေနဲ့ PILPG အဖွဲ့နဲ့ ခုလို ဆွေးနွေး ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြုပြင်ဖို့လိုနေတဲ့ အချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ နိုင်ငံသားတွေနဲ့ တိုင်းရင်းသား အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ အကျယ်တဝင့် ဆွေးနွေးခဲ့တယ် လို့လည်း သိရပါတယ်။

PILPG အဖွဲ့ဟာ ၁၉၉၅ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့စည်းဖြစ်ပြီး ဥပဒေ ပညာရှင် အများစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းဖြစ်ကာ အမေရိကန် အပါဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အခြေချဆောင်ရွက်နေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ပါတယ်။ (RFA)

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးနဲ့ ဥပဒေရေးရာ ကဏ္ဍမှာ အမေရိကန် မြန်မာ ကို ကူညီမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++