စစ်လက်နက်တင်ပို့မှု တရုတ်က ကမ္ဘာ့အဆင့် ၅ နေရာရောက်
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သမားရိုးကျ စစ် လက်နက်တင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၅ နေရာ ဖြစ် လာပြီး ယခင်အဆင့် ၅ နေရာ ရပ်တည်သော ဗြိ တိန်နိုင်ငံ နေရာသို့ အစားထိုး ဝင်ရောက်ခဲ့ခြင်း
ဖြစ်ကြောင်း Stockholm အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ အစည်း (SIPRI) က မတ်လ ၁၈ ရက် နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။
ဖြစ်ကြောင်း Stockholm အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ အစည်း (SIPRI) က မတ်လ ၁၈ ရက် နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ လက်နက် တင်ပို့မှုသည် စစ်အေးကာလပြီးနောက် ကမ္ဘာ့အဆင့် ၅ နေရာသို့ ပထမအကြိမ်
ရောက်ရှိလာခြင်း ဖြစ်ပါသည်။
ရောက်ရှိလာခြင်း ဖြစ်ပါသည်။
၂ဝဝ၈-၂ဝ၁၂ ခုနှစ် အတွင်း စစ်လက်နက် တင်ပို့မှု ကမ္ဘာ့ ထိပ်သီး ၅ နေရာတွင် အမေရိကန်သည် ၃ဝ ရာ ခိုင်နှုန်းဖြင့် ပထမနေရာ၌ ရှိပြီး ရုရှားသည် ၂၆ ရာခိုင်နှုန်း၊ ဂျာမနီ ၇ ရာခိုင်နှုန်း၊ ပြင်သစ်သည် ၆ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသည် ၅ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။
ကမ္ဘာ့ လက်နက် တင်ပို့မှုသည် ၂ဝဝ၃-၂ဝဝ၇ ခုနှစ်နှင့် ၂ဝဝ၈-၂ဝ၁၂ ခုနှစ်ကြား ၁၇ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရှိရ ပါသည်။


0 မှတ်ချက်များ for "စစ်လက်နက်တင်ပို့မှု တရုတ်က ကမ္ဘာ့အဆင့် ၅ နေရာရောက် "