အလုပ်သမားလက်မှတ် လျှောက်ထားရမယ့်ရက် ထိုင်းအစိုးရ ထပ်မံ တိုးမြှင့်ပေး
ထိုင်းနိုင်ငံထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်နေ တဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား နိုင်ငံက အလုပ် သမားနဲ့ မိသားစုဝင်တွေကို တရားဝင်နေ ထိုင်ခွင့်ရ ဖို့အတွက် နိုင်ငံသားစိစစ်ရေး နဲ့ နိုင်ငံကုးလက်မှတ်
လျှောက်ထားရမယ့် ရက်ကို မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအလုပ်သမား ၀န် ကြီးဌာန ထုတ်ပြန်ကြေငြာ ထားပါတယ်။
လျှောက်ထားရမယ့် ရက်ကို မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအလုပ်သမား ၀န် ကြီးဌာန ထုတ်ပြန်ကြေငြာ ထားပါတယ်။
နဂိုက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့အထိ ရက်သတ်မှတ်ထားတာပါ၊၊ အလုပ်သမားတွေအနေနဲ့ တစ်နေရာတည်းမှာ အပြီးအစီး
နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ လျှောက် ထားနိုင်ဖို့ ဘန်ကောက်ခရိုင် နယ်မြေ ၁၀ ခု အပြင် နိုင်ငံခြားသား အလုပ်သမားတွေ အနေများတဲ့ ခရိုင်တွေ မှာ ၀မ်းစတော့ပ်ဆားဗစ်စင်တာတွေ ဖွင့် ထားကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၂သန်းကျော်ရှိပြီး တသန်းကျော် ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ကျန်ရှိနေသေးတယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

0 မှတ်ချက်များ for "အလုပ်သမားလက်မှတ် လျှောက်ထားရမယ့်ရက် ထိုင်းအစိုးရ ထပ်မံ တိုးမြှင့်ပေး"