ပုဂ္ဂ လိကပိုင် သတင်းစာတချို့ ထုတ်ဝေခွင့်ရ

ပုဂ္ဂလိကပိုင် သတင်းစာ ၈ စောင်ကို ပြန်ကြားရေးဌာနကနေ့စဉ်
သတင်းစာအဖြစ် ဧပြီလ ၁ ရက်နေ့ကစပြီး ထုတ်ဝေခွင့်ပြုလိုက် 
ပြီဖြစ်ကြောင်းသိရပါတယ်။

ခေတ်မိုး သတင်းစာ၊ ရွှေနိုင်ငံသစ် သတင်းစာ၊ ပြည်ထောင်စု
နေ့စဉ်သတင်းစာ၊ အင်ပါယာ နေ့စဉ်သတင်းစာ၊ The Messenger ၊ နောက်ဆုံးရ နေ့စဉ် သတင်းစာ၊ မြန်မာနယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမသတင်းစာ တို့ ပဲဖြစ်ပါတယ်။

ကနဦးလျှောက်ထားရာတွင် စုစုပေါင်း ၁၇ ခု ဖြစ်ပေမယ့်လတလောအခြေအနေတွင်လိုအပ်ချက်တွေ
ရှိနေသေးသော ၆ စောင်ကို ရပ်ဆိုင်းထားပြီး ဆက်လက်ပြင်ဆင်ပြီးမှလျှောက်ထားဖို့ လို အပ်ကြောင်း၊ကျန် ၃စောင်ကိုမူစီစစ်ဆဲ ဖြစ်ကြောင်းသိရပါတယ်။

မြန်မာ့သတင်းစာလောကတွင် ဘယ်တုန်းကမှ ပုဂ္ဂလိကပိုင် သတင်းစာထုတ်ဝေခွင့်မရှိခဲ့ဖူးခြင်းကြောင့် ယခုလို ခွင့်ပြုလိုက်တဲ့အချိန်မှာတော့ အတွေ့အကြုံနုနယ်သေးသော သူတို့အဖို့ အချိန်မီ သတင်းဖြန့် ချီရာတွင် အခက်အခဲ များစွာရှိနိုင်ကြောင်း လေ့လာဝေဖန်သူများက သုံးသပ်ကြပါတယ်။

0 မှတ်ချက်များ for "ပုဂ္ဂ လိကပိုင် သတင်းစာတချို့ ထုတ်ဝေခွင့်ရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++