တပြည်ထောင် စနစ် ကြောင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲ

ဦးချန်ထွန်းရဲ့တစ်ပြည်ထောင်စနစ် တည်ထောင်လိုက်ခြင်းကြောင့် တိုင်းရင်းသားတွေ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ရတာဖြစ်တယ်လို့ ချင်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုနှ်ု နာယက ဒေါက်တာ ဒေါ်အေးအေးငွန်က မက်လ ၂ ရက်နေ့က ရန်ကုန်တိုင်း
ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်ရှိ ဆမွန်စီးပွားရေး စင်တာ တတိယထပ်မှ ဖွံ့ဖြိုးရေး မဏ္ဍိုင်အစည်းအဝေးရုံးခန်းမှာ ပင်လုံစာချုပ်နဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ အမြင်သဘော ထား ဆွေးနွေး ပွဲမှာ ပြောဆိုသွားပါတယ်။

ဒါကြောင့် စိတ်ဝမ်းကွဲနေတဲ့ တိုင်းရင်းသားတွေ အားလုံးဟာ ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ပင်လုံညီလာခံ လိုမျိုး နောက်တစ်ကြိမ်း ပြုလုပ်ဖို့ ကြိုးစားနေတဲ့အပေါ်မှာလက်ရှိအစိုးရရော တိုင်းရင်းသားတွေဖက်ကပါ နားလည်မှုတွေ ထားရှိဖို့ သူကထောက်ပြခဲ့ပါတယ်။

အဲဒီလိုပဲ ဒီပွဲကို တက်ရောက်ဆွေးနွေးခဲ့တဲ့ သမိုင်းပါမောက္ခ ဒေါက်တာ ဦးစိုင်းအောင်ထွန်းကလဲ ပင်လုံ စာချုပ်နဲ့ပတ်သက်လို့ နိုင်ငံရေး ပါတီတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်သွားခဲ့ပါတယ်။

ဆွေးနွေးပွဲကို သမိုင်းပါမောက္ခ ဒေါက်တာ ဦးစိုင်းအောင်ထွန်း ၊ မြန်မာနိုင်ငံ ကျမ်းစာကျောင်းမှ ကိုယ်စား လှယ် ကိုမောင်ဆန်းအောင်၊ ချင်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ ရန်ကုန်နာယက ဒေါက်တာ ဒေါ်အေးအေးငွန်နဲ့ မြန်မာနိုင်ငံ သမိုင်းကြောင်းလေ့လာနေတဲ့ နိုင်ငံခြားသား
တွ နောက် သံဃာတော်တွေ တိုင်းရင်းသားတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၁၀၀ လောက်
တက်ရောက်ခဲ့ကြပါတယ်။ (BurmaVJMedia)
 

0 မှတ်ချက်များ for "တပြည်ထောင် စနစ် ကြောင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++