အိုးသည်ကုန်းမြို့ တွင် ပလီတလုံးနဲ့ အိမ်တချို့ တိုက်ခိုက်မှု ခံရ

ပဲခူးတိုင်း အိုးသည်ကုန်း မြို့မှာ ပလီတလုံးနဲ့ အိမ် တချို့မတ်လ ၂၄ ရက်နေ့ညက တိုက်ခိုက် ဖျက်ဆီးခံခဲ့ ရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

လူပေါင်း ၃၀ဝ လောက် ပါတဲ့ အုပ်စုဟာ အိုသည်ကုန်းက ပလီ တလုံးကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်ကိုလည်း ဖျက်ဆီး သွားတယ် လို့သိရပါတယ်။

အခုတော့ လုံခြုံရေးတွေ ရောက်ရှိလာ တဲ့အတွက် အခြေအနေတွေ ပြန်ငြိမ် သွားတယ်လို့ဆိုပါတယ်။

မိတ္ထီလာမြို့မှာ တော့ အရေးပေါ် အခြေအနေ ကြေညာပြီး စစ်တပ်ကို ချထား လိုက်ပြီ ဖြစ်တဲ့ အတွက် အခြေ အနေတွေ တည်ငြိမ် လာနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒုက္ခသည် စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ သိရပါတယ်။__ဘီဘီစီ

0 မှတ်ချက်များ for "အိုးသည်ကုန်းမြို့ တွင် ပလီတလုံးနဲ့ အိမ်တချို့ တိုက်ခိုက်မှု ခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++