အသက်ရှည်နိုင်တဲ့ဆေး ငါးနှစ်အတွင်း ပေါ်ပေါက်လာတော့မည်
အသက်အရွယ် အိုမင်းမှုကို အောင်နိုင်ပြီး ၁၅၀ နှစ် အထိ အသက်ရှည်နိုင်တဲ့ ဆေးဝါးဟာ ငါးနှစ် အတွင်း ပေါ်
ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။
ပေါက် လာတော့ မယ်လို့ Landmark မှ သုတေသီတွေက ဆိုပါတယ်။
အနီရောင်ဝိုင်မှာ တွေ့ရှိရတတ်တဲ့ Resveratrol သူ ကို ပြုပြင်ထားတဲ့ ဆေးဝါး အသစ်ဖြစ်ပြီး SIRT 1 ခေါ်တဲ့ ပရိုတင်းရဲ့ လုပ်ဆောင်မှုကို မြင့်မား စေကာအရွယ် နု ပျိုနိုင် မယ့် အကျိုး သက်ရောက်မှုကို ရရှိ စေတယ်လို့ ဆိုပါတယ်။
ဒီဆေး ဝါးကို ကင်ဆာ ရောဂါ၊ ဆီးချို ရောဂါနဲ့ နှလုံး ရော ဂါ အပါအဝင် ရောဂါ ခံစားရတဲ့ လူနာတွေ အပေါ်မှာ Glaxo Smith Klineဆေးကုမ္ပဏီက စမ်းသပ်မှုပြု လုပ်ပြီးပြီလို့ သိရပါတယ်။
အယ်လ်ဇိုင်း မားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်း အဆီဖုံး ရောဂါ၊ အတွင်း တိမ်ရောဂါ၊ အရိုးပါး ရောဂါ၊ ကြွက်သား သိမ်တာ၊ အိပ်ရေး ပျက်ခြင်း တာနဲ့ ဂျွတ်၊ အဆစ် ရောင် ရောဂါနဲ့ အူမကြီး ရောင်ရမ်းတဲ့ ရောဂါ လိုမျိုး ရောင် ရမ်းမှု ရောဂါတွေ အတွက်လည်း စမ်းသပ် နေပြီလို့ သိရပါ တယ်။
အခုပေါ်တဲ့ ဆေးဝါး အသစ်ဟာ ဝိုင်အနီ တစ်ခွက် သောက် တာထက် အဆ ၁၀ဝ ခန့် အကျိုး သက်ရောက်မှု ပို ကောင်းတယ်လို့ ဆိုပါတယ်။
ဒီဆေးကို သောက်ဆေး အဖြစ် အသုံးပြု နိုင်သလို လိမ်းဆေး အနေနဲ့လည်း အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။
နှလုံးသွေး ကြောရောဂါကို ကာကွယ်ဖို့ အတွက် Statin ဆေးဝါးကို အသုံးပြု သလိုမျိုး ဒီဆေးဝါးကို အသက် ရှည်ဖို့ အသုံးပြု နိုင်တော့ မယ်လို့ ဆိုပါတယ်။ __GoodHealth Journal


0 မှတ်ချက်များ for "အသက်ရှည်နိုင်တဲ့ဆေး ငါးနှစ်အတွင်း ပေါ်ပေါက်လာတော့မည်"