ကမ္ဘာ့ အင်တာနက် ပင်မကျောရိုး ဖြတ်တောက်ရန် ကြိုးစားသူများ ဖမ်းဆီးရမိ

ကမ္ဘာ့ အင်တာနက် ကွန်ယက်ကြီး၏ ပင်မကျောရိုး
ရေအောက်ကေဘယ်လ် ကြိုးအား အီဂျစ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ ရေငုပ်ပြီး ဖြတ်တောက် ဖျက်ဆီးရန် ကြိုးပမ်းခဲ့သူ ၃ ဦးအား အီဂျစ် ကမ်းခြေစောင့်တပ်ဖွဲ့က အမိဖမ်းဆီး ထိန်းသိမ်းနိုင် ခဲ့သည်ဟု သိရှိရသည်။

အီဂျစ် အာဏာပိုင်များက ရေငုပ်ဝတ်စုံအပြည့်ဖြင့် လူ ၃ ဦးသည် လွန်စွာမှ အရေးကြီးသည့် ရေအောက် ဆက်သွယ်ရေး ကေဘယ်လ်အား ဖြတ်တောက်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိခဲ့သည်ဟု တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။


ဖြစ်စဉ်မှာ ယမန်နေ့က အီဂျစ် ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်သည် သံသရရှိဖွယ် ငါးဖမ်းသင်္ဘော တစ်စီး အား Alexandria မြို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီးနောက် စီးနင်းဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါ အဖျက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ရေအောက်ကေဘယ်လ်မှာ အီဂျစ်၏ ဆက်သွယ်ရေးကွန်ယက်အား ထိန်းချုပ်ထားသည့် Egypt Telecom က ပိုင်ဆိုင်ပြီး ကမ္ဘာတစ်ဝန်း အင်တာနက် ဆက်သွယ်ရေးကွန်ယက်နှင့်လည်း ဆက်သွယ် ထားသည့် ကေဘယ်လ်ဖြစ်သည်။

အဆိုပါ အဖျက်သမား ၃ ဦး၏ အဓိက ရည်ရွယ်ချက်အား မသိရှိရသေးသော်လည်း ကေဘယ်လ်အား ခိုးယူရန် မဟုတ်ပဲ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ရန် ကြိုးပမ်းခဲ့ခြင်းဟု သိရှိရသည်။ 

ယခုဖြစ်ရပ်သည် မကြာမီရက်ပိုင်းအတွင်းက ဥရောပ၊ အာဖရိကနှင့် အာရှတိုက်တွင် ဖြစ်ပွာ်းခဲ့သည့် အင်တာနက်နှင့် ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်မှုများနှင့် ဆက်စပ်မှုရှိ၊ မရှိကိုမူ မသိရှိရသေးပေ။
Myanmar Consumer Guide

0 မှတ်ချက်များ for "ကမ္ဘာ့ အင်တာနက် ပင်မကျောရိုး ဖြတ်တောက်ရန် ကြိုးစားသူများ ဖမ်းဆီးရမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++