မကြားဖူးတဲ့ စံချိန်တွေကို လုပ်ပြနိုင်တဲ့ မက်ဆီအား ဂုဏ်ပြုဖို့ အချိန်ရောက်လာပါပြီ # ဘာစီကာနည်းပြ ဂျော်ဒီရူအာ

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ လိဂ်ပြိုင်ပွဲ ၁၉ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား အဖြစ် ကမ္ဘာ့စံချိန်သစ် ထပ်တင်နိုင်ခဲ့သလို ပြိုင် ဘက် အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းတင်သွားနိုင်ခဲ့ပါတယ်။ 

မက်ဆီမှာ ပြီးခဲ့သောနှစ်အတွင်း မာယော့ကာနှင့် ကစားခဲ့သောပွဲစဉ်မှစ၍ ယခုအချိန်ထိ ပွဲစဉ် ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

မက်ဆီမှာ ပြီးခဲ့သောရာသီက ဥရောပရွှေဖိနပ်ဆု ရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ဘာစီလိုနာအတွက် ၄၂ဂိုးသွင်းယူထားနိုင်ပြီး ဒုတိယနေရာမှ ရော် နယ်ဒိုကို ၁၅ဂိုးထိဖြတ်ထားနိုင်ခဲ့သည်။ 

မက်ဆီ၏ စွမ်းဆောင်မှုနှင့်ပတ်သက်၍ ဘာစီလိုနာ နည်းပြ ဂျော်ဒီရူအာကလည်း “ လိဂ်သမိုင်း တစ်
လျှာက် မကြားဖူးတဲ့စံချိန်တွေကို လုပ်ပြနေတဲ့ မက်ဆီအတွက် ကျွန်တော်တို့ ဂုဏ်ပြုဖို့ အချိန်ရောက် လာပါပြီ”ဟု ချီးမွန်းသွားခဲ့သည်။

0 မှတ်ချက်များ for "မကြားဖူးတဲ့ စံချိန်တွေကို လုပ်ပြနိုင်တဲ့ မက်ဆီအား ဂုဏ်ပြုဖို့ အချိန်ရောက်လာပါပြီ # ဘာစီကာနည်းပြ ဂျော်ဒီရူအာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++