အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ အကြီးအကဲအဖြစ် အမျိုးသမီးတဦးကို ခန့်အပ်

အမေရိကန် သမ္မတဘားရတ် အိုဘားမားသည် သမ္မတ၊ ဒုတိယ သမ္မတနှင့် ၎င်းတို့၏ မိသားစု ဝင်များအား ကာကွယ်ရာတွင် ထင်ရှား ကျော် ကြားသော ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲ အဖြစ် ဂျူလီ ယာ အေပီယာဆန်ကို မတ် ၂၆ ရက် က ခန့်အပ် တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။

၎င်းသည် ဖေဖော်ဝါရီ လက ရာထူးမှ အနားယူခဲ့သည့် မာ့ခ်ဂျေဆယ် လီဗန်၏ နေရာတွင် ဝင်ရောက် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

၎င်းထောက်လှမ်းရေး ဌာနအား ငွေစက္ကူအတု ပြုလုပ်မှုအား နှိမ်နင်းရန် ၁၈၆၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉ဝ၁ ခုနှစ်တွင် သမ္မတ ဝီလီယံ မက္ကင်းလေး လုပ်ကြံ သတ်ဖြတ် ခံရပြီး နောက်လွှတ်တော်က ၎င်းအဖွဲ့အား သမ္မတအား အချိန်ပြည့် ကာကွယ်စောင့် ရှောက်ရန် အတွက် တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်များက စ၍ သမ္မတများ၊ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရန် လျာထားသူများနှင့် အ လည် အပတ်ရောက် ရှိလာသော နိုင်ငံခြား တိုင်းပြည်များမှ ခေါင်းဆောင်များအား ကာကွယ်သွားရန် ၎င်းအဖွဲ့အား တာဝန် ပေးအပ်ခဲ့သည်ဟု သိရသည်။

0 မှတ်ချက်များ for "အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ အကြီးအကဲအဖြစ် အမျိုးသမီးတဦးကို ခန့်အပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++