ငြိမ်းချမ်း/ဖွံ့ဖြိုး အတွက် သံတောင်ဒေသခံနဲ့ လူမှုအဖွဲ့ အစည်း အဝေးကျင်းပ
ကရင်ပြည်နယ် သံတောင်မြို့နယ် ဆာမူထော် (Hsa Mu Htaw) လူမှုအထောက်အကူပြုအဖွဲ့က သံထောင်ဒေသ သံထောင်တုန်အတွင်း တိုင်းရင်း သားများအတွက် ဒေသတွင်းကွန်ရက် ချိတ်ဆက်၍ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အတွက် အစည်းအဝေးကို (၁၈.၃.၂၀၁၂) ရက်မှ စတင် ကာ(၇)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
သံတောင်မြို့နယ်ဒေသတွင်း ဆာမူထော်အသင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သူစောကလူထူးကို နှစ်ပေါင်း (၆၀)ကျော် ကြာ စစ်ဘေးစစ်ဒဏ် ခံခဲ့ရတဲ့ဒေသအတွင်း ပြည် သူလူထုရဲ့အခြေအနေငြိမ်းချမ်းရေးဖွဲ့စည်း တိုးတက်ရေးအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ငြိမ်းချမ်းရေးကို အဆင့်၎ ဆင့်ခွဲထားပြီးတော့ လုပ်ဆောင်ပါတယ်။
ပထမအဆင့်က လူမှု အထောက်အကူပြု Capacity အပိုင်းကိုမြှင့်တင်ပေးတယ်။
ဒုတိယ က ဒေသတစ်ခုကို ၁၀ယောက်စီ ရွေးပြီးဒေသသုံးခုအတွက် အယောက် ၃၀ကို လူထုကိုယ်စား လှယ်တွေက KNU တပ်မဟာမှူး တွေနဲ့ထပ်တွေ့မယ်။ အခုအဆင့် သုံးထိရောက်လာပါပြီ။
အဆင့်(၄) လုပ်ဆောင်ဖို့ကျန်ပါသေးတယ်။ ဒေသသုံးခုဆိုပေမဲ့လည်း သံတောင် ဒေသတစ်ခုလုံးကိုပြော တာပါ။
ရွာတွေ ပြည်သူတွေရဲ့ကိုယ်စားလှယ် အဖြစ် ကျွန်တော်တို့ရပ်တည်မယ်။ ခေါင်းစဉ်သုံးခုနဲ့ပြည်သူကိုယ်စား လှယ်တွေကိုချပြပြီးတင်ခိုင်းမယ်။ တချို့ကိစ္စတွေကို KNU တပ်မဟာ(၂)ကနေဖြေရှင်းလို့ရ တာတွေရှိ တယ်။ တချို့ကိစ္စကျ တော့ ဗဟိုဌာနချုပ်ကပဲဖြေရှင်း တယ်။ဗဟိုဌာနချုပ်ပိုင်းကလည်း အစိုးရပိုင်းကို
တောင်းဆိုရမယ့် အရာတွေရှိပါတယ်။
တောင်းဆိုရမယ့် အရာတွေရှိပါတယ်။
အရင်တုန်းကငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာပျက်ပြယ် ခဲ့တာတွေအကြိမ်ကြိမ်ရှိခဲ့တယ်။ အခုငြိမ်း ချမ်းရေးနဲ့ပတ်သက် ပြီးအပစ်အခတ်ရပ်စဲရေးပဲရှိပါ သေးတယ်။ တကယ်ပဲထာဝရ တည်တံ့ခိုင်မြဲတဲ့ငြိမ်း ချမ်းရေးကို လှမ်းချင်ပါတယ်။ ပြည်သူဘက် ကနေပြီးတော့ပေါ့နော်။ အစိုးရဘက်ပိုင်းကလည်း လွတ်လွတ် လပ်လပ်သွားလာလုပ် ကိုင်စားသောက်ခွင့်ပြုလာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးနည်း စနစ်အနေ တစ်ခုနဲ့လား၊ ပရိယာယ် လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ပြည် သူတွေသွားတဲ့လာတဲ့အခါ အန္တရာယ်အဖြစ် အခုထိရှိနေသေးတဲ့ မိုင်းကိစ်္စတွေကိုလည်း ဗဟိုဌာန ချုပ်ကိုတင်သွားမယ်။ ဗဟိုဌာနချုပ်ကလည်း စစ်အ စိုးရဘက်က မိုင်းရှင်းလင်းရေး တောင်းဆိုဖို့တင် ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။
KNU့ နဲ့ KNLA ဆိုပြီးရှိပါ တယ်။ KNLA ရှိရေးမရှိရေး ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာရှိနေမှာ ပဲလေ။ အဲဒီတော့ KNU ရှိမှဖြစ်မှာလေ။ ဒါကတော့ဖြစ်မှာ ကရင်လူမျိုးဆိုတာလည်း KNU ရှိဖြစ်မှာလေ။ ကျွန်တော်တို့ ကရင်လူမျိုးတွေတော့ မရှိမဖြစ်ဘူးလို့ပြောပေမဲ့ တခြားလူမျိုးတွေကျတော့ ဘယ်လိုထင် မလဲမပြောတတ်ဘူးဗျ။ KNU ရှိ ရင် KNLA ရှိရင်ပဲ စိတ်ထဲမှာ တစ်မျိုးဖြစ်တတ်ကြလို့ ကျွန်တော် ဒီစကားပြောရတာပါ””ဟု ဆိုပါသည်။

0 မှတ်ချက်များ for "ငြိမ်းချမ်း/ဖွံ့ဖြိုး အတွက် သံတောင်ဒေသခံနဲ့ လူမှုအဖွဲ့ အစည်း အဝေးကျင်းပ"