ကိုရီးယားအရေး ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ရအောင် ရှောင်ရှားကြဖို့ တရုတ်နဲ့ ရုရှား တိုက်တွန်း

ကိုရီးယား ကျွန်းစွယ်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာ နိုင်ချေ ရှိနေတဲ့အတွက် သက်ဆိုင်သူ အားလုံးအနေနဲ့ အဲဒီလို မဖြစ်ရအောင် ရှောင်ရှားကြဖို့ကို တရုတ်နဲ့ ရုရှား နိုင်ငံတို့က တိုက်တွန်း လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေအထား ထားရှိဖို့အမိန့် ပေးလိုက်တဲ့ အတွက် အမေရိကန် အခြေစိုက်စခန်းတွကို တိုက်ခိုက် နိုင်ချေ ရှိပြီး၊ အမေရိကန်ဘက်ကလည်း B 2 ဗုံးကြဲ လေယာဉ် တွေ ကို တောင်ကိုရီးယား နိုင်ငံ ပေါ်မှာ လေ့ကျင့် ပျံသန်း နေတာကြောင့် တရုတ်နဲ့ ရုရှားတို့ ကနေ အားလုံး အနေနဲ့ အေးအေး ဆေးဆေး ရှိကြဖို့ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေး လေ့ကျင့် မှုတွေနဲ့ ကုလသမဂ္ဂ ကနေ အရေးယူမှုတွေ ထပ်လုပ်ခဲ့တဲ့ အပေါ်၊ တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက် နေခဲ့ တာ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ အတိုင်း အတာ ကြီးမားတဲ့ စစ်ပွဲကြီးတခု ဒါမှမဟုတ် နျူကလီးယား တိုက်ခိုက်မှုကြီးတခု ဖြစ်လာမယ့် အန္တရာယ်မျိုး မတွေ့ရ သေးပါဘူး။ ဒါပေမယ့် ဒီအတိုင်း ဆက်သွား နေမယ် ဆိုရင်တော့အတွက် အချက် မှားသွားမယ့် အန္တရာယ်မျိုး ရှိနေပါတယ်။

အကြောင်းက မြောက်ကိုးရီးယား အစိုးရအနေနဲ့ ပြည်တွင်းမှာ သူ့ရဲ့ သြဇာအာဏာ တောင့်တင်းလာဖို့ အတွက်က တကြောင်း၊ အရင် အမေရိကန် သမ္မတ ကလင်တန် လက်ထက်တုန်းက မြောက်ကိုးရီးယား ရဲ့ ခြိမ်းခြောက် ပြောဆို မှုတွေကြောင့် အမေရိကန်စစ်ရေး လေ့ကျင့် မှုတွေကို ပြန်ရုပ်သိမ်းခဲ့သလိုမျိုး ပြန် ရုပ် သိမ်းပေးဖို့ မျှော်လင့် နေတာက တကောင်း တို့ကြောင့် မြောက်ကိုးရီးယား အစိုးရက အခုလို ခြိမ်းခြောက်မှုတွေ ထုတ်ပြန်ဖို့ နည်းလမ်းသစ်တွေ ဆက်ရှာ နေမှာပါ။

တချိန်တည်းမှာပဲ အနောက်အုပ်စု နိုင်ငံတွေကတော့ ဒီခြိမ်းခြောက်မှု တွေဟာ ဖြီးလုံး ဖြန်းလုံး တွေပဲ ဆိုပြီး ကိုးရီးယား ကျွန်းဆွယ်မှာ စစ်ရေး လေ့ကျင့်မှုတွေ ၊ B 2 လေယာဉ် လေ့ကျင့် ပျံသန်း မှုတွေ ဆက်လုပ် နေမှာ ဖြစ်ပါတယ်။

အမေရိကန် တို့ဘက်က ရန်စလာမယ် ဆိုရင် မြောက်ကိုးရီးယား ပြည်သူ့တပ်မတော် အနေနဲ့ အမေရိ ကန် ပြည်ထောင်စုကိုရော၊ တောင်ကိုးရီးယား နိုင်ငံ တွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တွေကိုပါ ရက်ရက်စက်စက် တိုက်ခိုက်ပစ်မယ်ဆိုပြီး ကင်ဂျုံအန်းက ရာဇသံ ပေးသွားတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရ ဘက်က ထုတ်ပြန်တဲ့ ကေညာချက်ထဲမှာတော့ မြောက်ကိုးရီးယားရဲ့ ရန်စ ခြိမ်းခြောက် မှုတွေနဲပတ်သက်လို့ သူတို့ ဘက်က အလေးအနက်ထား သုံးသပ်နပြီး တပြေးညီ တုံ့ပြန် ဆောင်ရွက် သွားမယ်လို့ ဖေါ်ပြထား ပါတယ်။

0 မှတ်ချက်များ for "ကိုရီးယားအရေး ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ရအောင် ရှောင်ရှားကြဖို့ တရုတ်နဲ့ ရုရှား တိုက်တွန်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++