ရှမ်းတပ်မတော်ကို ထိုးစစ်ဆင်ရာမှာ အစိုးရတပ်ဘက် ၃၀ ထက်မနည်း သေဆုံး

ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ် မတော်(မြောက်ပိုင်း)နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွား ရာမှာ အစိုးရ တပ်ဘက် အယောက်သုံးဆယ်ထက် မနည်းသေ ဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း က ပြော ပါသည်။

"တိုက်ပွဲကတော ၂၂ ရက်နေ့တုန်းက တော်
တော်
ပင်းထန်တယ်။၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရ တဲ့ လူတွေနဲ့အလောင်းတွေကို ပြန်ကောက်ကြ တယ်လေ။ ဗမာတပ်ဘက်က အယောက်သုံးဆယ် ထက်မနည်း သေတယ်" - ဟု အမည်မဖေါ်လို သည့် ဒေသ အတွင်း ပြည်သူ့ စစ်ခေါင်းဆောင် တဦးက ပြောပါသည်။

၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ မြန်မာစစ်တပ် မှ ပစ်သော ၆၀ မမ လက်နက်ကြီးမှာ မပေါက်ကွဲ ရှိနေရာ၊ညပိုင်း ရွာသားများ ယာမီးရှို့စဉ် အဆိုပါ ကျည် မီးလောင်ကျွမ်းပေါက်ကွဲသဖြင့် ထိုည၌ မြန် မာ စစ်တပ် ဘက်မှ တဘက်တည်း တညလုံး ဒရစပ်ပစ်ခတ်နေကြောင်း ရွာသားများ ပြောပြချက် အရသိရသည်။


သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန် ပြည်

ထောင်စုနေ့မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန့်ကြားလာကြောင်း၊ ဖယ်ပေးရန် သျှမ်းပြည် တပ်မတော် ဘက် ငြင်းဆန်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်အင်အားဖြည့် လှုပ်ရှားလာ ကြောင်း၊ လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ၇ ကြိမ် တက်တိုက်ခဲ့ကြောင်း၊
ဖေဖေါ်ဝါရီ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၂၈ ယောက်သေဆုံးကြောင်း သျှမ်းပြည်တပ်မ
တော်ဌာနချုပ် အရာရှိတဦးက ပြောပါသည်။

"ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄

ယောက်ရတယ်လို့ ပြောတယ်။ ဒီလိုဖြစ်တဲ့ ကိစ္စက ကျနော်တို့က ခံစစ်လေ။ အပေါ်က အမိန့်ကို မလွန် ဆန် နိုင်ဘဲ ဟိုဘက်က ရဲဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။ အဲတော့ ပစ်ချခံရ တာပေါ့။ ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်။ ကျနော်တို့ အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ"- ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။ 

တိုက်ပွဲရပ်တန့်ရန် နေပြည်တော်အစိုးရ သမ္မတ ဦးသိန်းစိန် ညွှန့်ကြားထားသော် သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခမယ ၃၂၂ ၊ ၃၁၅ ၊ ၅ရရ ၊ ၅၇၄ ၊ ၅၂၅ ၊ ၅ရ၅ ၊ ခလရ ၃၃ ၊ ၁၃၁ ၊ ၂၉၅ တို့မှ အင်းအား တထောင်ခန့်က တပ်ရုပ်ပြန်ခြင်းမရှိသောကြောင့် တန့်ယန်းမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း ကြားသိရပါသည်။ http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3907-ssppssa-----.html

0 မှတ်ချက်များ for "ရှမ်းတပ်မတော်ကို ထိုးစစ်ဆင်ရာမှာ အစိုးရတပ်ဘက် ၃၀ ထက်မနည်း သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++