မြိတ်မြို့တွင်ဘင်္ဂ လားဒေ့စ်မှ ဘင်္ဂလီများ အားဖမ်းမိ
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၄၀ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၀၀း ၁၅) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီး ရှိ ကမ်းနားလမ်းတွင် နှင့် ရပ်ကွက် များ အတွင်းဖမ်းဆီးမိကြောင်းသိရှိရသည်။ ၂၅ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်တွင် ဘင်္ဂါလီ များဝင်ရောက် လာကြောင်း ပြည်သူများ၏သတင်းပေး ပို့ချက်အရ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ပြည် သူများ၏ ပူးပေါင်း ရှာဖွေ မှုဖြင့် ဘင်္ဂလီ (၄၀) ဦးအား ကန်ကြီး ရပ်ကွက် အတွင်းနှင့် ကမ်းနားလမ်း တစ်လျှောက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ အတွင်းသို့ဝင်ပြီး ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ အဖွဲ့တွင် (၆၈) ဦးခန့် ပါရှိပြီးလမ်းခရီးတွင် (၃) ဦး ရေထဲ ခုန်ချသေဆုံးခဲ့ကြောင်း၊ ၂၆ ရက်နေ့တွင် လူ (၄၀) ဦးအား မြိတ်မြို့ ကမ်းနားလမ်းသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သည့် (၂၅) ဦးမှာ စက်လှေဖြင့် ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရပါသည်။
အဆိုပါ ဖမ်းဆီရမိသော တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား (၄၀) ဦးအား မြိတ်မြို့ မြို့မ ရဲစခန်းတွင်ထိန်းသိမ်း ထားကြောင်း သတင်းရရှိပါသည်။
0 မှတ်ချက်များ for "မြိတ်မြို့တွင်ဘင်္ဂ လားဒေ့စ်မှ ဘင်္ဂလီများ အားဖမ်းမိ"