နီပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌကို အမျိုးသား ပြန်လည် သင့်မြတ်ရေး အထူး ကိုယ်စားလှယ် ခန့်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် တိုင်းရင်းသား များ ပြန်လည်သင့်မြတ်ရေး ကိစ္စများ ဆောင်ရွက်ရန် အထူး ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာယိုဟေး ဆာဆာကာ ဝါကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် ဂျပန်အစိုးရအဖွဲ့က အချိန်ကာလ အကန့်အသတ်မရှိ ခန့်အပ် လိုက်ကြောင်း ယင်းဖောင်ဒေးရှင်းက သတင်း ထုတ်ပြန်သည်။
မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေး
ဖော်ဆောင်မှုတွင် ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင် ဆောင်ရွက်ပေးရန် ဆာဆာကာဝါသည် ဂျပန်အစိုးရ ကိုယ်စားပြု၍ မြန်မာအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဟု ဂျပန်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ယိုရှီဟိုက်ဆူ ဂါက ပြောကြားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ မရှိသေးသော်လည်း ပေးအပ်ခံရသော ရာထူး၏ တာဝန်နှင့် လေး နက်မှုကို သဘောပေါက်၍ ကျေပွန်စွာ ထမ်းဆောင်သွားနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု နီပွန်ဖောင်
ဒေးရှင်း ဥက္ကဋ္ဌက ပြောဆိုထားသည်။
ဒေးရှင်း ဥက္ကဋ္ဌက ပြောဆိုထားသည်။

ဆောင် ရွက်ပေးသွားမှာပါ” ဟု ချင်းအမျိုးသားတပ် ဦး အတွင်းရေးမှူး ဦးရွှေခါးက ဆိုသည်။
ဂျပန်နိုင်ငံ အခြေစိုက် နီပွန်ဖော်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ် သူ မစ္စတာယိုဟေး ဆာဆာကာဝါကို ၁၉၃၉ ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် နီပွန်
ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။
ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေပြားရေးရာ အထူးကိုယ်စားလှယ် တာဝန်ထမ်းဆောင် လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ ချစ် ကြည်ရေး သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။
နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ ကတည်းက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်များ၊ အနာကြီးရောဂါ တိုက်ဖျက်ရေး အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
နီပွန်ဖောင်ဒေးရှင်းက ယခုနှစ်အတွင်း နယ်စပ်ဒေသများနှင့် နယ်စွန်နယ်ဖျားရှိ တိုင်းရင်းသား လူမျိုးစုများ အတွက် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများ လှူဒါန်းထားကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 မှတ်ချက်များ for " နီပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌကို အမျိုးသား ပြန်လည် သင့်မြတ်ရေး အထူး ကိုယ်စားလှယ် ခန့် "