ရှမ်း​ပြည်တပ် မ​တော်နှင့်​ ရမခ တိုင်း​မှူး​​တွေ့ ဆုံသော်လည်း တိုက်ပွဲ ဆက်ဖြစ်ဆဲ

ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့မစ၍  တိုက်ပွဲ ၂ ရက် ဆက်ဖြစ်ခဲ့​တဲ့​အပေါ် ရှမ်း​ပြည် တပ် မ​တော်​မြောက် ပိုင်း​က ကိုယ်စား​လှယ်​တွေနဲ့ အ​ရှေ့​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​တို့​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပေမယ့်​လည်း​ ဒီ​နေ့မနက်​စော​စောမှာ ပစ်ခတ် မှု​တွေ ပြန်ဖြစ်ခဲ့​ပါတယ်။

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ တန့်ယန်း​မြို့နယ် မိုင်း​ကောဝ်​ဒေသ လွိုင်လန်း​တောင်နား​မှာ ခလရ ၃၂၂ အစိုး​ရတပ် အင်အား​ ၁၆၀ ​လောက် ဝင်​ရောက်လှုပ်ရှား​နေပြီး  ပြီး​ခဲ့​တဲ့​ ၁၉ ၊​ ၂၀ နဲ့၂၂ ရက်​နေ့တွေမှာ ရှမ်း​ပြည် တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့နဲ့ ပစ်ခတ်မှု​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။

ပစ်ခတ်မှုဖြစ်တာနဲ့  ရှမ်း​ပြည်တပ်မ​တော် ​မြောက် ပိုင်း​က ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့မှာ သမ္မတဆီကို လိပ်မူပြီး​စာတ​စောင် ​ပေး​ပို့ခဲ့​သလို ဗိုလ်ကြီး​ စိုင်း​နော်လိတ်နဲ့ဆက်ဆံ​ရေး​တာဝန်ခံဗိုလ်ကြီး
အောင်လှတို့ ၂ ဦး​ဟာ အ​ရှေ့​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် တိုင်း​မှူး​နဲ့သွား​တွေ့ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ၂၁ ရက်​နေ့​ ညပိုင်း​မှာ အစိုး​ရတပ် စစ်ဦး​စီး​မှူး​ ပထမတန်း​ ဗိုလ်မှူး​ကြီး​ ဝင်း​သိန်း​က သူတို့​ကို ဖယ်​ပေး​ဖို့ဆက်ဆံ​ရေး​အရာရှိက​နေ တဆင့်​ပြောဆိုခဲ့​ပြီး​ ရှမ်း​တပ်ကလည်း​ ဖယ်မ​ပေး​နိုင်တဲ့​အတွက် ပစ်ခတ်မှု​တွေ ပြန်ဖြစ်တာလို့ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​က ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လက ​ပြောပါတယ်။

“သမ္မတဆီ တရား​ဝင် စာတင်ပြီး​ စစ်​ရေး​နည်း​နဲ့မ​ဖြေရှင်း​ဖို့ တင်ထား​တယ်။ သမ္မတကလည်း​ အမိန့် ထုတ်ထား​တယ် ​ပြောတယ်။ အခုက တပ်ကြပန်ဖြစ်တယ်ဆို​တော့​ တပ်ကသမ္မတအမိန့်​ကို မနာခံတဲ့​သ​ဘော သက်​ရောက်​နေတယ်။ တိုင်း​မှူး​ကလည်း​ ဆက်မြဖစ်ဖို့ သူ့တပ်ကို ထိန်း​သိမ်း​တယ်လို့​တော့​ ​ပြောတယ်။ ဒါ​ပေမယ့်​ မ​နေ့က လား​ရှိုးက ဆက်ဆံ​ရေး​တာဝန်ခံကို​ခေါ်​ပြောတယ်။ ကျ​နော်တို့တပ်​တွေကို ဖယ်​ပေး​ရင် ဖယ်​ပေး​ မဖယ်​ပေး​ရင် တိုက်မယ်တဲ့​။ တကယ်လည်း​ တိုက်တာပဲ​လေ။ ဒီ​နေ့လည်း​ ၆ နာရီခွဲက စြပန်ဖြစ်တယ်။ ကျ​နော်တို့​ရှိတဲ့​နေရာကို တိုက်တာ။ ”

ဒီ​နေ့ မနက် ဖြစ်ပွား​တဲ့​ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရမှု အ​သေး​စိတ် မသိရ​သေး​ဘူး​လို့ဆိုပါတယ်။

အခု ပစ်ခတ်မှု​တွေ ဖြစ်ပွား​တဲ့​နေရာဟာ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့က သူတို့ တပ်မိသား​စု​တွေအတွက် စံပြရွာကြီး​တရွာ တည်​ဆောက်ဖို့ လုပ်​နေတဲ့​နေရာနဲ့ ၆ မိုင်အကွာမှာ ရှိတယ်လို့ ​ပြော ပါတယ်။

အဲဒီရွာ​ဆောက်ဖို့ အစိုး​ရနဲ့ သ​ဘောတူထား​ပြီး​ဖြစ်သလို ​ကျေး​ရွာ​ရေရရှိ​ရေး​၊​ ရာဘာပင်နဲ့ ​နွေစပါး​ စိုက်ပျိုးရေး​တွေ စတင်​နေတဲ့​အတွက် ခုလိုပစ်ခတ်မှု​ကြောင့်​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​ကိုလည်း​ အ​နှောင့်​အယှက် ဖြစ်တယ်လို့ အက်စ်အက်စ်​အေက ​ပြောပါတယ်။

တိုက်ပွဲ​တွေ ပြန်ဖြစ်ပွား​နေတဲ့​အချိန်ဟာ အစိုး​ရြငိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ကော်မတီနဲ့ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) တို့ ထိုင်း​နိုင်ငံမှာ ​တွေ့ဆုံ​ဆွေး​နွေး​နေတဲ့​အချိန်နဲ့ တိုက်ဆိုင်​နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး​ ​ဆွေး​နွေးပွဲတက်ခဲ့​သူ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​ ကိုယ်စား​လှယ် ဗိုလ်မှူး​ကြီး​စဝ်ပိုင်ဖက ယူအန်အက်ဖ်စီ ​ဆွေး​နွေး​ပွဲမှာ နိုင်ငံ​ရေး​ကိစ္စသာ ​ဆွေး​နွေးကြတဲ့​အတွက် တိုက်ပွဲကိစ္စ တင်ပြဖို့ အချိန်မရခဲ့​ဘူး​လို့ ​ပြောပါတယ်။

နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ဖို့ ငြင်း​ပယ်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့ ဟာ ၂၀၁၀ ခုနှစ်က အစိုး​ရတပ်နဲ့​ တိုက်ပွဲ​တွေ အပြင်း​အထန်ဖြစ်ပွား​ခဲ့​ပြီး​ သမ္မတ ဦးသိန်းစိန်ရဲ့​ ငြိမ်း​ချမ်း​ရေး
ဖော်​ဆောင်​ရေး​လုပ်ငန်း​စဉ်​ကြောင့်​ ၂၀၁၁ ခုနှစ်ထဲမှာ အပစ်အခတ်ရပ် လက်မှတ်​ရေး​ထိုး​ကာ ပြည် နယ်အဆင့်​နဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေဒ​ပွဲ​တွေ ပြုလုပ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ ပစ်ခတ်မှု​တွေ အနည်း​ဆုံး​ ၈၀ ​လောက် ပြန်ဖြစ်ခဲ့​တယ်လို့ အက်စ်အက်စ်​အေ​မြောက်ပိုင်း​က ​ပြောပါတယ်။

0 မှတ်ချက်များ for "ရှမ်း​ပြည်တပ် မ​တော်နှင့်​ ရမခ တိုင်း​မှူး​​တွေ့ ဆုံသော်လည်း တိုက်ပွဲ ဆက်ဖြစ်ဆဲ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++