မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လယ်သမား များကို သေးနတ်ဖြင့် ပစ်ခတ်
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့
မွန်းလွဲပိုင်းက ဒေသခံလယ်သမား များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား
သိမ်းယူခံခဲ့ရသော လယ်မြေများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ်မ
၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း
ကနဦးရရှိသော သတင်းများ အရ သိရှိရသည်။
ဖြစ်စဉ်မှာ မလက်တိုကျေးရွာအတွင်း သိမ်းယူခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးနှင့် လက်ရှိလုပ် ကိုင်နေသော လယ်များအတွက် ရေအလုံလောက်စွာ ရရှိရေးအတွက် ဒေသခံ လယ်သမားများက လွန်ခဲ့ သည့် ၇ ရက်ခန့်ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ အင် အား ၂၀ ကျော်နှင့် ဒေသခံ ရွာသူရွာသား ၇ ဦးခန့် ဒဏ်ရာရ ရှိခဲ့ပြီး မအူပင်ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရှိရသည်။ ''ဆေးရုံကို လူနာတင် ယာဉ်တွေနဲ့လာတာ ၇ ခေါက်လောက်ရှိ ပါပြီ၊ ဒေသခံ အမျိုးသမီးနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ် လို့ ပြောပါတယ်။
တစ်ဦးက ကျည်ဆံဖောက်ဝင်သွားတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင်
နှစ်ဦးကိုလည်း အရေးပေါ်အခန်းမှာ ကုသနေတယ်လို့ သိရပါတယ်'' ဟု
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု အတွင်းရှိ ပလောင်ကျေးရွာမှ ရွာခံလူတစ်ဦးက ပြောကြားခဲ့သည်။
0 မှတ်ချက်များ for "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လယ်သမား များကို သေးနတ်ဖြင့် ပစ်ခတ်"