အစိုးရတပ်က ရှမ်းပြည် တပ်မတော် (တောင်)ကို ဖိအားပေး မှုနှင့်အတူ ပစ်ခတ်မှု ဖြစ်ပွား

မိုင်းတုံမြို့နယ်မှာ ရှိတဲ့ အရှေ့ အလယ်ပိုင်းတိုင်းရဲ့ အခြေချ စစ်ဗျူဟာ တခုက ကျနော်တို့ရဲ့ မိုင်းထားမြို့ နယ်ထဲက စခန်းတခုရယ်၊ ဟိုမိန်းမြို့နယ်ထဲက စခန်းတခုရယ် အဲစခန်းနှစ်ခုကို ရုပ်သိမ်းပေးဖို့ ဖေဖေါ်ဝါရီ (၂၄)ရက်နေ့မှာ စာဖြင့်အကြောင်းကြားလာတယ်။ နူတ်ဖြင့်လည်း ပြောလာတယ်။ ၂၅ ရက်နေ့မှာ တပ်အင် အားအလုံးအရင်းနဲ့လာပြီး ကျနော်တို့ကို စတိုက်လာတော့တယ်ဟု ဗိုလ်မှူး ဆိုင်းလောင်စိုင်း က ပြော သည်။
အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၆၆ တပ်ဖွဲ့က ခို လံ မြို့နယ်ခွဲခိုအွတ် ကျေး ရွာသို့ ဝင်ရောက်လာပြီး RCSS/SSA နယ်မြေခံတပ်ဖွဲ့နှင့် နံနက် ၁၀နာခွဲလောက်မှာ ၁၀ မိနစ်ကြာ အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အစိုးရဖက်မှ (၅) ဦး ကျဆုံးခဲ့သည် ဟု RCSS ဖက်က ဆို ပါသည်။
တိုက်ပွားဖြစ်ပွားခဲ့မှုနှင့်ပါတ်သက်ပြီး နှစ်ဦးနှစ်ဖက် ရရှိထားတဲ့သဘောတူညီချက်များအတိုင်း အစိုးရဘက်မှ လိုက်နာဆောင်ရွက်ပေးဖို့၊ အကယ်၍တိုက်ပွဲ တွေ ဆက် ဖြစ်ပွားနေပါက ယုံကြည်မှု တည်ဆောက်တဲ့ နေ ရာမှာ ထိခိုက်စေတဲ့အကြောင်း RCSS/SSA ဒု-ဥက္ကဌ ရွတ်ဆစ်မှ သမ္မတထံ စားရေးအကြောင်းကြား ခဲ့ကြောင်း သိရရသည်။

အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးအတွက် ဦးအောင် မင်း ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီ (၁၉) ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
0 မှတ်ချက်များ for "အစိုးရတပ်က ရှမ်းပြည် တပ်မတော် (တောင်)ကို ဖိအားပေး မှုနှင့်အတူ ပစ်ခတ်မှု ဖြစ်ပွား"