(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားတွင် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုနဲ့ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးသို့

ဓါပုံ- စိုင်းထွန်းအေး
၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနား များကို မွန်တိုင်းရင်းသားရှိရာ နေရာဒေသများ အနက် ကရင်ပြည်နယ် ပေါင်မြို့တွင် ဗဟိုအဖြစ် စည်ကားသိုက်မြက်စွာ ကျင်းပခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို သရုပ်ဖေါ်တဲ့ မီးပုံးပျံကို လွင့်ထူပြီး ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းတဲ့ စာတမ်းကို လည်း ဖတ်ကြားခဲ့ကြောင်း သိရသည်။

“ မီးပုံးပျံ လွင့်တင်နေစဉ် ကယန်းပြည်သစ်ပါတီ ကိုယ်စားလှယ် မူအေးမြသိန်းက {
ပြည်ပစစ်မှာ သုံးစွဲရမဲ့ လေယာဉ်နဲ့တင့်ကားကို ကန့်ကွက် တယ်၊ပည်တွင်းစစ်မှာ သုံးစွဲတာမတရားဘူး၊ အဲ့ဒီ စစ်အသုံးစရိတ်ကို ကျန်းမာရေး ပညာရေးတွေမှာ သုံးစွဲဖို့တိုက်တွန်းတယ်} ငြိမ်းချမ်းရေး စာတမ်းကို ဖတ်ကြားတယ်။ မွန်ပြည်နယ် လွတ်တော်ဥက္ကဌက မျက်နှာပျက်သွားတယ်။ ဒါပေမဲ့ ပြဿနာ မရှာရဲဘူး၊ မွန် အမျိုးသမီးထုကြီးက ၀န်းရံပေးထားတယ်” ဟု တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစု ဦးဆောင်သူ စိုင်းထွန်းအေးက ပြောသည်။

ယခင်နှစ်များထက် ပို၍စည်းကားပြီး လွတ်လပ်စွာ ကျင်းပခဲ့နိုင်ကြာင်းလည်း သိရသည်။

(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားတွင် မွန်ပြည်နယ် လွတ်တော်ဥက္ကဌ၊ ညီညွတ်သော တိုင်းရင်းသားမဟာမိတ်၊ ကယန်း၊ ကရင်နီ၊ ရှမ်း၊ ပအိုဝ့်၊ ဗမာ တိုင်းရင်းသားများနှင့် ဧည့်ပရိသတ် ၁ သောင်
ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည် သူ့လွတ်
မြောက်ရေးတပ်ဦး (ကလလတ)နှင့် ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) သ၀ဏ်လွာပို့ပေးသလို၊ တိုင်းရင်းသား လူငယ်များ ကွန်ယက် (EYNG) ပို့ပေးပါသည်။

၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ပေါင်မြိုတွင်သာမက ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဘုရားသုံးဆူမြို့၊ မွန်လူမျိုး တည်ရှိရာ မြို့နယ်အသီးသီးတို့တွင် ကျင်းပခဲ့ကြသည်။

မွန်တိုင်းရင်းသားအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ၁၉၄၆ခုနှစ် အကုန်တွင် ကျင်းပသော မွန်တိုင်းရင်း သားညီလာခံတွင် ဟံသာဝတီ (ပဲခူး) စတင်တည်ထောင်သည့် တပို့တွဲလပြည့်ကျော် ၁ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပြီးနောက် ယနေ့ ထိတိုင် နှစ်စဉ် ကျင်းပလာခဲ့ကြသည်။

0 မှတ်ချက်များ for "(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားတွင် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုနဲ့ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးသို့ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++