ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ
ရုရှား နိုင်ငံ က တောင်ဘက် ယူရယ် တောင်တန်းဒေသမှာ ကြီးမားတဲ့ ဥက္ကာပျံ တစင်းကြွကျေ ခဲ့တဲ့အတွက် လူပေါင်း ၁၀ဝ၀ နီးပါးလောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
အဲဒီလို ကြွကျေခဲ့ရာမှာ ပြင်းထန်တဲ့ တုန်ခါမှုတွေ ဖြစ်ခဲ့ပြီး အဲဒီ ဒေသအတွင်းက နေရာ တော်တော် များများ မှာ ရှိတဲ့ အဆောက်အအုံ တွေလည်း ပျက်စီးခဲ့ရပါတယ်။
ထိခိုက် ဒဏ်ရာ ရရှိသူ တွေထဲက တော်တော်များများ ကတော့ ပဲ့စင် ထွက်လာတဲ့ ဖန်ကွဲ တွေထိမှန် ခဲ့လို့ ဖြစ်တဲ့ ဖူးယောင် ရှနာမှုမျိုး တွေလောက်သာ ဖြစ်ခဲ့ပေမယ့် လူတချို့ကိုတော့ ဆေးရုံ တင်ထားရ ပါတယ်။
အဲဒီ ဥက္ကာပျံ ကြွကျေ ခဲ့ရာမှာ နူကလီးယား ဗုံး တလုံးလောက် အာနိသင် ရှိတဲ့စွမ်းအင် ကီလိုတန် တော်
တော်များများကို ထုတ်လွှတ်သွား ခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ လူသူ ထူထပ် တဲ့ဒေသထဲ ဒီလို ကြီးမားတဲ့ အာကာသ အစိတ်အပိုင်းတွေ ကြွေမကျ ခဲ့တဲ့အတွက် ဘုရား သခင်ကို ကျေးဇူး တင်မိကြောင်း ပြောကြား ခဲ့ပါတယ်။

0 မှတ်ချက်များ for "ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ "