စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား

Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့် ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ ထားတာ တွေ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ Bali ပြည်နယ်က တောတစ်နေ ရာ မှာ ဖြစ်ပြီး Macaque မျောက်အပြင် အခြားတောရိုင်း တိရစ္ဆာန်များ ကျက်စားနေ တဲ့ နေရာ ဖြစ်ပါတယ်။ 

သခင် စွန့်ပစ်လို့ လျှောက်သွား ရင်း တောထဲ
ရောက်သွားတယ်လို့ ယူဆရသော ကြောင် တစ်ကောင် ကို အမြီးရှည် မျောက် ငယ်လေးက ယခုလို ခေါ်ယူမွေးစားထားတာကို အံ့သြဖွယ် တွေ့ ရှိခဲ့ပါတယ်။

လာရောက်လည်ပတ်သူတို့ ဓာတ်ပုံရိုက်တာကို သဘောကျတဲ့ ပုံမပေါ်ပဲ ပွေ့ ထားတဲ့ကြောင်ကို ကာဗာပေး ပါတယ်။ မျိုးမတူပေမယ့် ကြောင်အပေါ် သားသမီးလို သံယောဇဉ်ရှိပြီး မွေးစားလိုက်တဲ့ သူတို့ရဲ့  ချစ်စဖွယ် အမူအရာ ဓာတ်ပုံများကို ယခုလို ရိုက်ကူးထားကြပါတယ်။

0 မှတ်ချက်များ for "စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++