၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရန် ရှေ့နေ များက ဆွေးနွေးပွဲ အမှတ်စဉ်-၂ ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်
ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များ ကို ဖေဖော် ၀ါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်း ပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေး ပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများ က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဒီမိုကရေစီ ပန်းတိုင်းကို ချီတက်နိုင်မည့် ဥပဒေမျိုး မဟုတ်သည့်အတွက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန် လိုအပ်ဟု ဥပဒေပညာရှင်များက ပြောနေကြကြောင်း ၎င်းကပြောကြားခဲ့သည်။

ဦးကိုနီက “၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲစဉ်က အမျိုးသား ညီလာခံမှာ ဆောင်ရွက်နေတဲ့ ဥပဒေရေး ဆွဲရေးကို ဝေဖန်ရင် ထောင်ငါးနှစ်ကနေ ၂၀ နှစ်ထိ ချမယ့်ဥပဒေ ပြဌာန်းပြီး ပြည်သူတွေရဲ့ ပြောရေး ဆိုခွင့်ကို ပိတ်ပင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ်တော့ ဒီမိုကရေစီစံညွှန်းနဲ့ မညီဘူး။ ယုတ္တိဗေဒဆိုင်ရာ ရှုထောင့်ကကြည့်မယ် ဆိုရင်လည်း ယုတ္တိမရှိဘူး။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပဒေပြဌာန်းချက်မျိုး ဖြစ်နေတယ်”ဟု ပြောကြားသည်။

“နိုင်ငံရေးအနေနဲ့ ကြည့်ရင်လည်း ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ လုံးဝဆန့်ကျင် ဘက်ဖြစ်တဲ့ ပြဌာန်းချက်တွေ ဒီ Constitution မှာ ပါနေပါတယ်။ ဒါကြောင့်ပြန်ပြင်ဖို့ လိုတယ်။ ပြန်ပြင်တာနဲ့ အသစ်ရေးတာ ဘယ်ဟာပိုကောင်းမလဲဆိုတာကို ပြောကြတယ်။ ပြန်ပဲပြင်ပြင် အသစ်ပဲရေးရေး သေချာ တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးသည် ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်နိုင်မယ့် ဥပဒေမျိုး မဟုတ်တာတော့ သေချာပါတယ်” ဟု ဦးကိုနီက ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားမူလ အခွင့် အရေးနှင့် တာဝန်များခေါင်းစဉ်ဖြင့် ရှေ့နေဦးကိုနီက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားများ၏ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရေးဆွဲထားရုံနှင့် မလုံလောက်ဘဲ နိုင်ငံ သားများ လက်တွေ့ခံစားရနိုင်ရန်အပြင်၊ မခံစားရနိုင်အောင် ပိတ်ပင်ထားသူများကိုပါ အရေးယူနိုင်ရန် ဥပဒေများ ပြဌာန်းနိုင်ရေး လိုအပ်နေကြောင်းလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးဆောင်ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲအား နှစ်ပတ်တစ်ကြိမ် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရန် ရှေ့နေ များက ဆွေးနွေးပွဲ အမှတ်စဉ်-၂ ကျင်းပ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++