အင်းလေးဟိုတယ် ဇုန် စီမံကိန်းကို ကန့်ကွက်တဲ့ ဒေ သခံများ တရားစွဲခံရ

အင်လေး ဟိုတယ်ဇုံ စီမံကိန်းအား ကန့်ကွက်ဆန္ဒပြ သူတွေကို ပုဒ်မ ၁၈၈ ဖြင့် အာဏာပိုင်တွေက  ဆန္ဒ
ပြသူ ၇ ဦးကို သိန်း ၇၀ ကျပ်ဖြင့် အာမခံထား နေ ရကြောင်း သိရသည်။

“ကျနော်တို့က စက်ယန္တရားတွေရှေ့မှာထိုင်ပြီး တား ကြတာ။ ကျနော်တို့ကို တိုက်ချင်လည်း တိုက်သွား ဆိုပြီး။ တားတုန်းက လူ ၁၅၀ လောက်ပါတယ်။ ဘာ လို့ ကျနော်တို့ ၇ ယောက်ကိုပဲ အရေးယူ တယ်တော့ မသိဘူး ”ဟု အင်ကြင်းကုန်းရွာမှ လယ်ယာမြေ ၂၂ ဧက အသိမ်းခံရသည့် ကိုအောင်ကျော်မျိုးက ပြောသည်။

တရားစွဲ ခံရသူတွေက ဒေါ်ခင်ဝင်း၊ ကိုအောင်ကျော်မျိုး၊ ကိုဇော်မင်း၊ ကိုအောင်မြင့်၊ ကိုသန်းထွန်းဦး ကိုရွှေခဲနှင့် ကိုကျော်စိန်တို့ဖြစ်ကြကြောင်း သိရသည်။

စက်ယန္တရားတာဝန်ခံ ဦးတိုးအောင်မြင့်ကိုလည်း လယ်ယာမြေများကို ဖျက်စီးမှုဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ညာင်ရွှေတရားရုံး၌ ဒေသခံများမှ ပုဒ်မ ၁၀၂ ဖြင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။

လယ်မြေနှင့် အခြားစိုက်ပျိုးမြေများကို  စက်ယန္တရားများနှင့် မြေတူးစက်ကြီးများဖြင့် ဖျက်ဆီးခံရ၍ အင်ကြင်း ကုန်းရွာနှင့် ကန်ဘဲ့ရွာမှ ဒေသခံများက ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ညောင်ရွှေမြို့နယ်တရားရုံးမှာ အမှု ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

စီမံကိန်းတွင်ပါသော အင်ကြင်းကုန်း၊ ကန်ဘဲ့၊ ညောင်ဝန်း၊ ဝက်တကင်၊ ချောင်းပါးနှင့် ဘုရားဖြူရွာတို့မှ
ဒေသခံများအနက် ၈၃ ဦး၏ လယ်ယာမြေများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ထဲတွင် စပါး တဧက လေးသိန်း နှစ်သောင်းကျပ်၊ ကြံ တဧက နှစ်သိန်း နှစ်သောင်းကျပ်နှင့် နှမ်းတဧက  ၆ သောင်းကျပ်
နှုန်းဖြင့် လျော်ကြေးငွေများ ပေးခဲ့သော်လည်း အများစုက လက်ခံခြင်းမရှိဟု ဆိုသည်။

 
“ကျနော်တို့က လျော်ကြေး မယူချင်ဘူး။ ကျနော်တို့ မြေမှာပဲ ပြန်စိုက်ချင်တယ်။ မနေ့က လွှတ်တော်က လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာတော့လည်း ဒီလိုပဲ တင်ပြလိုက်တယ်။ သူတို့က လွှတ်တော်မှာ တင်ပြပေးမယ်လို့ ပြောတယ်” ဟု ကိုအောင်ကျော်မျိုး က ဆိုသည်။

အင်းလေးဟိုတယ်ဇုန် စီမံကိန်းအတွက် မြေ ၆၂၂ ဧကအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင် သိမ်းဆည်းခဲ့ကြောင်း ပြည်နယ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

စီမံကိန်းအတွက် လမ်းဖောက်ခြင်း၊ အကွက်ဖော်ခြင်း၊ စက်ယန္တရားဂိုဒေါင် ဆောက်ထားခြင်း စသည့်  မြေတူး
ဖ်ာမှုများ ပြုလုပ်နေမှုအပေါ် အကြိမ်ကြိမ်တားဆီးခဲ့ကြပြီး ဟိုတယ်ဇုန် ဆောင်ရွက်နေခြင်းကို နှောင့် ယှက်တားဆီးမှု မပြုလုပ်ရန် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ရှမ်းပြည်နယ်သစ်တောရေးရာ ဝန်ကြီးဌာနက တားမြစ်ခဲ့သည်။

ထိုစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံများက ညောင်ရွှေမြို့ လေဆိပ်မှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအထိ ၂ နာရီခန့် လမ်းလျှောက် ဆန္ဒပြရန် တောင်ကြီးပြည်နယ်ရဲစခန်းတွင် စာတင်သော်လည်း နှစ်ကြိမ်တိုင်တိုင် အငြင်းခံထားရကြောင်း ကိုအောင်ကျော်မျိုးက ပြောသည်။

0 မှတ်ချက်များ for "အင်းလေးဟိုတယ် ဇုန် စီမံကိန်းကို ကန့်ကွက်တဲ့ ဒေ သခံများ တရားစွဲခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++